KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နိုဝင်ဘာလ တလအတွင်းမှာတိုက်ပွဲပေါင်း ၄၃ကြိမ်နဲ့ စစ်ကောင်စီဘက်က တပ်သား ၉၀ နီးပါးလောက်သေဆုံးခဲ့တယ်လို့ KNUဖာပွန်ခရိုင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင် စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဖာပွန်ဗျူဟာကိုလည်းပူးပေါင်းတပ်တွေဘက်ကပိတ်ဆို့တိုက်ခိုက်နေပါတယ်။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နိုဝင်ဘာလတလအတွင်းမှာတိုက်ပွဲပေါင်း ၄၃ ကြိမ်နဲ့ စစ်ကောင်စီဘက်က တပ်သား ၉၀ နီးပါးလောက် သေဆုံးခဲ့တယ်လို့ KNUဖာပွန်ခရိုင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင်ပူးပေါင်းတပ်တွေဘက်က ဖာပွန်ဗျူဟာအနီးအနားက စခန်းတွေကို နိုဝင်ဘာလထဲမှာသိမ်းပိုက်လိုက်တဲ့အတွက် စစ်ကောင်စီဘက်ကတော့လက်ရုံးတပ်စခန်းတွေဆုံးရှုံးသွားတယ်လို့ပူးပေါင်းတပ်ဖွဲ့ဘက်က VOA ကိုပြောပါတယ်။
"အဓိကတော့ ဗျူဟာပဲကျန်တော့တာပေါ့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဗျူဟာကိုသိမ်းပိုက်ဖို့အတွက်ကို
ဗျူဟာရဲ့ပတ်ချာလည်မှာရှိတဲ့ ဗျူဟာကိုထောက်ကူပေးနိုင်တဲ့စခန်းကြီးတွေကို အရင်သိမ်းလိုက်တာပေါ့ ဒီလိုသိမ်းပိုက်ခြင်းဟာဖာပွန်ဗျူဟာအတွက် သူ့ ရဲ့လက်ရုံးစခန်းတွေ ဆုံးရှုံးသွားတာနဲ့အတူတူပဲပေါ့နော်"
စစ်ကောင်စီဘက်ကစခန်းတွေကိုလက်လွှတ်ဆုံးရှုံးရတဲ့အတွက် အခုဆိုရင်လေကြောင်းကနေပဲ ရိက္ခာပို့တာတွေ လက်နက်ခဲယမ်းတွေပို့တာပဲလုပ်နိုင်တော့တယ်လို့ပြောပါတယ်။
"ဖာပွန်ဗျူဟာက ပြောရရင်တော့ မြေပြင်ထောက်ပို့တပ်တွေမလာနိုင်တော့ဘူး၊ ထောက်ပို့မူ့တွေမလုပ်နိုင်တာလည်းကြာပြီး ကျနော်တို့မြေပြင်ကနေ မဟာမိတ်တပ်ဖွဲ့တွေလည်းဖြတ်တောက်ထားတယ်၊ FFT ဒရုန်းတပ်ဖွဲ့တွေကလည်း လေကြောင်းကနေ ဒရုန်းတွေနဲ့ချပေးတယ်၊ မြေပြင်ကိုမတက်နိုင်တော့ဘူး။ သူတို့က ရိက္ခာကိုလေကြောင်းကနေ ချပေးတာတွေ စစ်လက်နက်ပစ္စည်းတွေကိုလည်း လေကြောင်းကနေ ချတာတွေပဲလုပ်နိုင်တော့တယ်"
စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ ရဲ့တိုက်ပွဲတွေကြောင့် ကော စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပါ အခုဆိုရင်ဖာပွန်ခရိုင်ထဲကကျေးရွာတွေကပြည်သူတွေဟာထွက်ပြေးနေရပြီး ကတိုင်ထိ နဲ့ ကမမောင်း မြို့ဘက်ကို ထွက်ပြေးနေကြရပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ဖာပွန်ခရိုင်ထဲက အင်အား ၁၀၀ကျော်ရှိတဲ့ ခေါပုတ် စခန်းကို လည်း KNLA/PDFပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့သလို ရိက္ခာလက်နက်တွေသယ်ဆောင်ရာမှာလုံခြုံရေးစခန်းတခုဖြစ်တဲ့ကူးဆိပ်တံတားလုံခြုံရေးစခန်းကိုတော့ နိုဝင်ဘာလက ၉ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
KNU တပ်မဟာ ၅ ထိမ်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့ ဖာပွန်ဗျူဟာစခန်းကို KNLA /PDF အပါအဝင် ပူးပေါင်းတပ်တွေကပိတ်တို့ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
Your browser doesn’t support HTML5