ပြင်သစ်သမ္မတ Francois Hollande က သူဟာ နောက်ထပ် သက်တမ်းအတွက် ဝင်ရောက် အရွေးခံတော့မှာ မဟုတ်ဖူးလို့ ကြေညာလိုက် ပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံ သမိုင်းမှာ နှစ်ပေါင်းများစွာအတွင်း လက်ရှိသမ္မတ တဦးအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ပြန်ပြီး အရွေးကောက်မခံတဲ့ သမ္မတ ဖြစ်ပါတယ်။
သမ္မတ Hollande က ကြာသပတေးနေ့ ရုပ်သံမိန့်ခွန်းမှာ သူ့ဆန္ဒကို ထုတ်ဖေါ် ကြေ ညာခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဒုတိယအကြိမ် သက်တမ်းအတွက် အနိုင်ရအောင် ပံ့ပိုးပေးမယ့်သူ လုံလောက်အောင် မရှိဘူးလို့ ပြောပါတယ်။ ပြင်သစ်သမ္မတ တွေထဲမှာ Hollande ဟာ လူကြိုက်အနည်းဆုံး ဖြစ်ပါတယ်။
သူအနိုင်ရဖို့ အခွင့်အလန်း သိပ်နည်းနေတဲ့ကြားထဲ ပြန်အရွေးခံဖို့ လုပ်မလုပ် ခန့်မှန်းမှုတွေ သီတင်းပတ်နဲ့ ချီကြာခဲ့ပြီးမှ အခုလို သူ့ရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။
Hollande သမ္မတ တာဝန်ယူထား ချိန်မှာ ခေတ်သစ်သမိုင်းအတွက် မကြုံစဖူး ဆိုးဝါးတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့သလို အလုပ်လက်မဲ နှုန်းလျော့ကျဖို့ လုပ်ဆောင်မှုကလည်း အောင်မြင်မှု မရခဲ့ပါဘူး။
Your browser doesn’t support HTML5
ပြင်သစ်သမ္မတ Francois Holland ဒုတိယသက်တမ်း အရွေးခံမည်မဟုတ်