ဆီးရီယားပြည်သူစစ်ခေါင်း‌ဆောင်ဟောင်း ဂျာမန်တရားရုံး ထောင် ၁၀နှစ်ပြစ်ဒဏ်ချ

သမ္မတဘာရှာအယ်အာဆတ်အစိုးရပြုတ်ကျသွားပြီးနောက် ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ အောင်ပွဲခံနေကြတဲ့ ဆီးရီးယားနွယ်ဖွားများ (ဒီဇင်ဘာ ၈၊ ၂၀၂၄)

သမ္မတ ဘာရှာ အယ်အာဆတ် အောက်မှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် ယခင် ဆီးရီးယား ပြည်သူ့စစ်ခေါင်းဆောင်ကို ဂျာမန် တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ဗုဒ္ဓဟူးနေ့က ချမှတ်လိုက်ပါတယ်။ အသက် ၄၇ နှစ် အရွယ် Ahmad H. ဟာ ၂၀၁၆ ခုနှစ်က ဂျာမနီကို ရောက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ အပတ်မှာ အာဆတ် ပြုတ်ကျသွားခဲ့ပေမဲ့ သူ့ကို ထောက်ခံခဲ့သူတွေဟာ ဆီးရီးယားမှာ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဂျာမနီမှာ တရား ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု နဲ့ လွတ်လပ်ခွင့်များ ပိတ်ပင်မှု အပါအဝင် ရာဇဝတ်မှုတွေကို အာမက်က ကျူးလွန်ခဲ့တယ်လို့ ဟမ်းဘဂ် ဒေသဆိုင်ရာ တရားရုံး ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

အစိုးရနဲ့ သဘောထား ကွဲသူတွေကို ဒမတ်စကတ်မှာ ၂၀၁၂ နဲ့ ၂၀၁၅ ကြား ချေမှုန်းခဲ့ရာမှာ ရှာဘိဟား ပြည်သူ့စစ်ခေါင်းဆောင် အနေနဲ့ သူ ပါဝင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ အဲဒီ ပြည်သူ့စစ်တွေရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ လူတွေကို ထင်သလိုဖမ်းပြီး မိသားစုတွေကို ငွေညှစ်၊ အဓမ္မ လုပ်အားပေးခိုင်း ဒါမှမဟုတ် ညှင်းပန်း နှိပ်စက်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ ဝါရှင်တန် အခြေစိုက် ဆီးရီးယား တရားမျှတမှု နဲ့ တာဝန်ခံမှုရှိရေး အဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာက ၂၀၂၃ မှာ သူ့ကို ဖမ်းဆီး တရားစွဲနိုင်ခဲ့တာပါ။

Your browser doesn’t support HTML5

ဆီးရီယားပြည်သူစစ်ခေါင်း‌ဆောင်ဟောင်း ဂျာမန်တရားရုံး ထောင် ၁၀နှစ်ပြစ်ဒဏ်ချ