ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း အဆိုပြုခံရသူ ၂ ဦး နုတ်ထွက်

မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper နဲ့ Michigan ပြည်နယ် အုပ်ချုပ်ရေးမှူး Gretchen Whitmer

ဒီမိုကရက်ပါတီသမ္မတလောင်း ဖြစ်နိုင်ခြေရှိတဲ့ Kamala Harris နဲ့အတူ ရွေးကောက်ပွဲမှာ ဒုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ဖို့ လျာထားခံရသူတွေ စာရင်းထဲကနေ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper နဲ့ Michigan ပြည်နယ် အုပ်ချုပ်ရေးမှူး Gretchen Whitmer တို့၂ ဦး မနေ့ကပဲ နုတ်ထွက်သွားပါတယ်။

လက်ရှိသမ္မတ Joe Biden က လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်လိုက်ပြီး သူ့အစား ဒုသမ္မတ Harris ကို သမ္မတလောင်းအဖြစ် ထောက်ခံကြောင်း ကြေညာခဲ့တဲ့ လွန်ခဲ့တဲ့ သီတင်းပတ် တပတ်ကျော်ကစလို့ ဒုသမ္မတအဖြစ် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်ကို အများက စောင့်ဆိုင်းနေကြတာပါ။
ဒုသမ္မတလောင်းတွေဟာ သမ္မတလောင်းအတွက် ပိုမို ကျယ်ပြန့်တဲ့ မဲဆန္ဒရှင်တွေ ရရှိနိုင်ရေး ချိန်ခွင်လျှာ ညှိပေးရတာဖြစ်ပြီး Kamala Harris အနေနဲ့ လက်ရှိမှာ လူဖြူ အမျိုးသား ဒုသမ္မတလောင်းတွေကို အာရုံစိုက် စိစစ်နေပါတယ်။

သူ့အမည်ကို ဒုသမ္မတလောင်းဖြစ်နိုင်ခြေစာရင်းထဲ ထည့်သွင်း စဉ်းစားတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် လက်ရှိအချိန်ဟာ သူ့အတွက်ရော၊ မြောက် Carolina ပြည်နယ်အတွက်ပါ သင့်တော်တဲ့အချိန်ကောင်းလို့ မယူဆကြောင်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ Roy Cooper က ပြောထားပါတယ်။

အလားတူဘဲ Michigan ပြည်နယ် အုပ်ချုပ်ရေးမှူး Gretchen Whitmar ကလည်း သူမကို ဒုသမ္မတလောင်းတဦးအဖြစ် ထည့်သွင်း စဉ်းစားနေခြင်း မရှိကြောင်း CBS ရုပ်သံသတင်းဌာနနဲ့ မေးမြန်းခန်းမှာ မနေ့ တနင်္ဂနွေနေ့က ဖြေကြားထားပါတယ်။

ဒုသမ္မတ Harris ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေမှာ ရွေးကာက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကို ခေတ္တရပ်နားပြီး Pennsylvania ပြည်နယ် အုပ်ချုပ်ရေးမှူး Josh Shapiro အပါအဝင် ဒုသမ္မတလောင်း ဖြစ်နိုင်ခြေရှိသူတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း အဆိုပြုခံရသူ ၂ ဦး နုတ်ထွက်