နယူးဒေလီ မီးလောင်မှု ၂၇ ဦးထက်မနည်းသေ 

At least 26 people died after a fire broke out in commercial building near New Delhi

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ သောကြာနေ့က အဆောက်အဦတခု မီးလောင်ရာက အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ မီးငြိမ်းသွားပြီးနောက် ရှာဖွေရေးလုပ်ငန်းတွေကတော့ ဆက်လုပ်နေပါတယ် လို့ မီးသတ်ဌာနက အရာရှိတဦးက AFP ကို ပြောပါတယ်။

နယူးဒေလီ မီးလောင်မှု ၂၇ ဦးထက်မနည်းသေ

{{Zawgyi/Unicode}}
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ သောကြာနေ့က အဆောက်အဦတခု မီးလောင်ရာက အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ မီးငြိမ်းသွားပြီးနောက် ရှာဖွေရေးလုပ်ငန်းတွေကတော့ ဆက်လုပ်နေပါတယ် လို့ မီးသတ်ဌာနက အရာရှိတဦးက AFP ကို ပြောပါတယ်။

ဒေသခံ NDTV သတင်းဌာနကတော့ လူ ၄ဝ ကျော် မီးလောင်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ ကြေညာသွားပါတယ်။ နယူးဒေလီမြို့ မီးသတ်ဌာန ရဲ့ ဒုတိယ ဦးစီးမှူး Sunil Choudhary ကတော့ သေဆုံးသူအဖြစ် အတည်ပြုနိုင်သူ ၂၆ ယောက်လောက် ရှိကြောင်း ပြောပါတယ်။

အဆောက်အဦ ရဲ့ တတိယထပ်ကို မရှာဖွေရသေးကြောင်းနဲ့ အဲဒီမှာ သေဆုံးသူတွေကို ထပ်မံတွေရှိနိုင်တယ်လို့ မီးသတ်ဌာနကို ကိုးကားပြီး CNN 18 ရုပ်သံဌာနက ပြောပါတယ်။ ဒေသဆိုင်ရာ သတင်းမီဒီယာတွေကတော့ ရဲဌာနကို ကိုးကားပြီး အဲဒီအဆောက်အဦထဲကနေ လူ ၆ဝ ကနေ ၇ဝ ဝန်ကျင်လောက်အထိ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။

နယူးဒေလီမြို့တော် အနောက်ပိုင်းရှိ ဈေးအဆောက်အဦရဲ့ လေးထပ်မြောက်မှာ နေ့လည်ပိုင်းက အဲဒီလို မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီမီးလောင်တဲ့ အဆောက်အဦပိုင်ရှင်ကို ဖမ်းဆီးထားတယ်လို့လည်း The Times of India သတင်းစာက ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံက အဆောက်အဦတွေမှာ နေထိုင်သူတွေ များပြားတာတွေ၊ ဘေးအန္တရာယ်ကင်းအောင် စည်းမျဉ်းလိုက်နာမှုမရှိတာတွေကြောင့် မီးလောင်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

Your browser doesn’t support HTML5

နယူးဒေလီ မီးလောင်မှု ၂၇ ဦးထက်မနည်းသေ

.......................................


{{Unicode}}



