အိန္ဒိယ နျူကလီးယားခြိမ်းခြောက်မှု ပါကစ္စတန် သတိပေး

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ Nafees Zakaria

ပြိုင်ဘက် အိန္ဒိယ နိုင်ငံအနေနဲ့ nuclear လက်နက်တွေ အမြန်တိုးချဲ့တပ်ဆင်နေတာနဲ့ thermonuclear လက်နက်တွေ ထုတ်ဖို့ လျှို့ဝှက် nuclear မြို့တော်တည်ဆောက်နေတာဟာ ပါကစ္စတန်မြို့တော် Islamabad နဲ့ နေရာ အနှံ့အပြားကို တိုက်ရိုက်ခြိမ်းခြောက် နေတာ ဖြစ်ကြောင်း ပါကစ္စတန်က သတိပေးလိုက်ပါတယ်။

အိန္ဒိယဟာ IAEA အနုမြူစွမ်းအင် အေဂျင်စီ ရဲ့ သတ်မှတ်ချက်ကို ကျော်လွန်ပြီး nuclear လက်နက် ထုတ်နိုင်တဲ့ ပစ္စည်းတွေ စုပုံ ထားနေတာဖြစ်ပြီး အိန္ဒိယ နိုင်ငံတောင်ပိုင်းမှာ လျှို့ဝှက် nuclear မြို့ကို တည်ဆောက်နေတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ Nafees Zakaria က ကြာသပတေးနေ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်အခြေစိုက် Foreign Policy မဂ္ဂဇင်းက အိန္ဒိယအစိုးရဟာ Karnataka ဒေသမှာnuclear စက်ရုံတည်ဆောက်နေကြာင်း စွပ်စွဲဖေါ်ပြထား တာကို ကိုးကားပြီး ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်ဘက်က အခုလို စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ အိန္ဒိယက ငြင်းဆိုလိုက်သလို အိန္ဒိယ အစိုးရအနေနဲ့ နိုင်ငံတကာလိုက်နာရမယ့် ကျင့်ထုံးတွေနဲ့ အညီ အမြဲတစေ ဆောင်ရွက်နေကြောင်း အိန္ဒိယအစိုးရက ချက်ချင်းပဲ တုံ့ပြန်ပြောဆိုခဲ့တာပါ။

အိန္ဒိယ နိုင်ငံခြားရေးဌာနက ပြောခွင့်ရ Vikas Swarup ကတော့ ဒီစွပ်စွဲချက်တွေဟာ အခြေမြစ်မရှိဘူးလို့ ပြောဆိုလိုက်လိုက်ပြီး သူတို့ပြောတဲ့ လျှို့ဝှက် နျူကလီယား မြို့ဆိုတာဟာ ပါကစ္စတန်ရဲ့ စိတ်ထင်ပြောကြားချက်လို့ တုံ့ပြန်ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယ နျူကလီးယားခြိမ်းခြောက်မှု ပါကစ္စတန် သတိပေး