၂၀၁၉ ရွေးကောက်ပွဲအတွက် အိန္ဒိယ အဓိကအတိုက်အခံပါတီပြင်ဆင်

 Congress Party ခေါင်းဆောင် Rahul Gandhi ၊ သူ့ရဲ့မိခင်Sonia Gandhi

လာမယ့် အိန္ဒိယအထွေထွေရွေးကောက်ပွဲအတွက် မဟာဗျူဟာချမှတ်ဖို့ အဓိက အိန္ဒိယ အတိုက်ခံ ပါတီဝင်တွေ တွေ့ဆုံ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

အဓိက အတိုက်ခံပါတီကြီးဖြစ်တဲ့ Congress Party ခေါင်းဆောင် Rahul Gandhi ၊ သူ့ရဲ့မိခင်Sonia Gandhi ၊ ဝန်ကြီးချုပ်ဟောင်း Dr. Manmohan Singh အပါအဝင် ကွန်ဂရက်ပါတီဝင်တွေဟာ တနင်္ဂနွေနေ့က နယူးဒေလီမြို့တော်မှာ တွေ့ဆုံခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကျင်းပမယ့် ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ Bhartiya Janta Party (BJP) ပါတီကို အနိုင်ရရှိဖို့အတွက် မဟာဗျူဟာ ရေးဆွဲကြတာပါ။

ကွန်ဂရက်ပါတီကို ရာဟူးလ် ဂန္ဒီက ပထမဆုံး ခေါင်းဆောင်မှာ ဖြစ်ပြီး ဒေသဆိုင်ရာပါတီတွေနဲ့ ပူးပေါင်း မဟာမိတ်ဖွဲ့ကာ လက်ရှိ လက်ယာယိမ်း ဝန်ကြီးချုပ် Narendra Modi ဦးဆောင်တဲ့ အစိုးရကို အနိုင်ရရှိရေးဖြစ်ပါတယ်။

တနင်္ဂနွေနေ့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းနားမှာ ထိပ်တန်းပါတီဝင် ၃၀ ကျော်လောက်က အမှာစကား အသီးသီး ပြောကြားခဲ့ကြပါတယ်။

Your browser doesn’t support HTML5

၂၀၁၉ ရွေးကောက်ပွဲအတွက် အိန္ဒိယ အဓိကအတိုက်အခံပါတီပြင်ဆင်