ဒဏ်ခတ်အရေးယူပြီး ဖိအားမပေးကြဖို့ အီရန်တောင်းဆို

အီရန်နိုင်ငံခြားရေး၀န်ကြီး Abbas Araqchi.

အီရန်နိုင်ငံ အနေနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် လမ်းဖွင့်ထားပေမယ့် အမေရိန်ကန်နဲ့ အနောက် ဥရောပ နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှု ဖိအားတွေကို လက်မခံကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က စက်တင်ဘာ ၁၄ ရက် စနေနေ့က ပြောပါတယ်။

အီရန်နိုင်ငံ အနေနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် လမ်းဖွင့်ထားပေမယ့် အမေရိန်ကန်နဲ့ အနောက် ဥရောပ နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှု ဖိအားတွေကို လက်မခံကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က စက်တင်ဘာ ၁၄ ရက် စနေနေ့က ပြောပါတယ်။

အမေရိကန်နဲ့ မဟာမိတ် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတွေက အီရန်ရဲ့ လေကြောင်းကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက်မှာ အီရန်နိုင်ငံခြားရေး ဝန်ကြီးက အခုလို အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ သံတမန်ရေးရာအရ တံခါးဖွင့်ထားပေမယ့် “ခြိမ်းခြောက်မှုတွေနဲ့ ဖိအားတွေ” ကို လက်မခံနိုင်ဘူးလို့ ပြောတာ ဖြစ်ပါတယ်။

အီရန်က ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ ပေးခဲ့တယ် ဆိုတဲ့ သတင်းတွေကို အရေးယူ တုံ့ပြန်တဲ့အနေနဲ့ အီရန်ရဲ့ လေကြောင်းကဏ္ဍကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုအသစ်တွေလုပ်ဖို့ စဉ်းစားနေတယ်လို့ ဥရောပသမဂ္ဂ သံတမန်အကြီးအကဲ က ပြောကြားပြီး တရက်အကြာမှာ အီရန်ဘက်က အခုလို တုံ့ပြန်တာလည်း ဖြစ်ပါတယ်။

အီရန်အနေနဲ့ ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့ခြင်း မရှိကြောင်းနဲ့အမေရိကန်နဲ့ ဥရောပ အင်အားကြီး (၃) နိုင်ငံက အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းလည်း Araqchi က ဗုဒ္ဓဟူးနေ့တုန်းကလည်း ငြင်းဆိုထားပါတယ်။

“အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ဆွေးနွေးပွဲတွေလုပ်ဖို့ အမြဲတမ်း လမ်းဖွင့်ထားပေမယ့် အီရန်ဟာ ကိုယ်ပိုင် အားအင်နဲ့ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ဆက်သွားနေပါတယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးက အပြန်အလှန် လေးစားမှု အပေါ်မှာ အခြေခံရမှာ ဖြစ်ပြီး ခြိမ်းခြောက်မှုတွေနဲ့ ဖိအားတွေပေါ် မူတည်ပြီး ဆွေးနွေးတာမျိုး မဖြစ်သင့်ဘူး” လို့ Araqchi က ပြောကြားခဲ့ကြောင်း အီရန်အစိုးရ တရားဝင် သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့ပါတယ်။

အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်တို့က အီရန်နိုင်ငံ အမျိုးသားလေကြောင်းလိုင်း Iran Air ကို အရေးယူမှုတွေအပါအဝင်ေ ဒဏ်ခတ် ပိတ်ဆို့မှုအသစ်တွေကို အင်္ဂါနေ့က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။