သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်ခေါင်းဆောင် သတ်ဖြတ်ခံရမှုအတွက် အီရန်က မဖြစ်မနေ လက်စားချေမည်

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi

ဟာမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် ပြီးခဲ့တဲ့လအတွင်း လုပ်ကြံ သတ်ဖြတ်ခံရမှုအတွက် အီရန်အနေနဲ့ သေချာ တွက်ချက်ပြီး မဖြစ်မနေ လက်စားချေသွားမယ်လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီးကို အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က ပြောပါတယ်။

အီရန်အနေနဲ့ ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာအောင် လုပ်ဆောင်ဖို့ မလိုလားပေမယ့် ကြောက်ရွံ့မှုတော့ မရှိဘူးလို့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani နဲ့ တယ်လီဖုန်းကတဆင့် ဆက်သွယ် ပြောကြားစဉ် ဝန်ကြီး Araqchi က ပြောကြားခဲ့ကြောင်း ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ အီရန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh သတ်ဖြတ်ခံရတာဟာ အစ္စရေးရဲ့လက်ချက်လို့ အီရန်က စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ဒီကိစ္စမှာ သူတို့ ပါဝင် ပတ်သက်ခြင်း ရှိ မရှိဆိုတာ တိတိလင်းလင်း ထုတ်ဖော် ပြောဆိုထားခြင်း မရှိပါဘူး။

ဟာမတ်စ်ခေါင်းဆောင် အဲဒီလို သတ်ဖြတ်ခံလိုက်ရတဲ့ ဖြစ်ရပ်ကြောင့် ဂါဇာမှာ အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြားဖြစ်နေတဲ့ စစ်ပွဲအပြင် အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဘက်ဘနွန်အခြေစိုက် Hezbollah အဖွဲ့နဲ့ နယ်စပ်ဖြတ်ကျော်ပြီး နေ့စဉ် အပြန်အလှန် ပစ်ခတ်နေမှုတွေကနေ ဒေသတွင်း ပဋိပက္ခအဖြစ် စစ်ပွဲပိုမို ကျယ်ပြန့်လာမှာကို အများစုက စိုးရိမ်နေကြပါတယ်။

အစ္စရေးနဲ့ Hezbollah အဖွဲ့အကြား တနင်္ဂနွေနေ့ကမှာ ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ပြီး နောက်တနေ့မှာဘဲ အီရန် နိုင်ငံခြားရေးဝန်ကြီး Araqchi ရဲ့ ပြောဆိုမှု ထွက်ပေါ်လာတာပါ။

ဟာမတ်စ်ခေါင်းဆောင် သတ်ဖြတ်ခံရမှုအတွက် အီရန်က မဖြစ်မနေ လက်စားချေမည်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG