သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန် စစ်အင်အားဖြည့်တင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln (ယခင်ပုံဟောင်း)
အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln (ယခင်ပုံဟောင်း)

ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတစင်းနဲ့ တိုက်ခိုက်ရေးလေယာဉ်တွေကို တင်ဆောင်ထားတဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကို အရှေ့အလယ်ပိုင်းဒေသကို အမြန်ဆုံးစေလွှတ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က တနင်္ဂနွေနေ့က ပြောပါတယ်။

အခုလို စေလွှတ်တာဟာ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေတဲ့ တင်းမာမှုတွေကို လျှော့ချဖို့အပါအဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ တွန်းအားပေးမှုတခုလည်း ဖြစ်ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ ဒီနေ့ အစောပိုင်းမှာ စကားပြောဆိုခဲ့ပြီး အစ္စရေးကို အကာအကွယ်ပေးဖို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမယ့် အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်လောင်း ပြောခဲ့တယ်လို့ ပြောခွင့်ရ ဗိုလ်ချုပ် Pat Ryder က ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh နဲ့ ဘေရွတ်မြို့မှာ ဟစ်ဇ်ဘိုလာ အကြီးတန်း တပ်မှူးတဦး လုပ်ကြံခံခဲ့ရပြီးနောက် ဒေသတွင်းပဋိပက္ခပိုပြီးကျယ်ပြန့်လာမှာကို စိုးရိမ်နေကြတာပါ။ အီရန်ကရော ဟက်ဇ်ဘိုလာတွေကပါ ဒီကိစ္စအတွက် အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ပြောဆိုထားသလို အစ္စရေး ကလည်း ဟားမတ်စ် ခေါင်းဆောင်အသစ် Yahya Sinwar ကို သုတ်သင်မယ်လို့ ပြောဆိုထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန် စစ်အင်အားဖြည့်တင်း
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG