သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ခြိမ်းခြောက်မှု တန်ပြန်ဖို့ ကန်စစ်အင်အားတိုးပို့


USS Abraham Lincoln လေယာဉ်တင်သင်္ဘော (CVN 72) (ဧပြီ၊ ၁၃၊ ၂၀၁၉)
USS Abraham Lincoln လေယာဉ်တင်သင်္ဘော (CVN 72) (ဧပြီ၊ ၁၃၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ်စစ်လက်နက် ပစ္စည်းတွေ ထပ်ပြီးတော့ တိုးမြှင့်ချထားလိုက်ပါတယ်။ ကမ်းတက်စစ်ဆင်ရေးမှာ အသုံးပြုနိုင်ငံ USS Arlington စစ်သင်္ဘောနဲ့ Patriot ဒုံးကျည်ပစ်လွှတ်တဲ့ ပစ်စင်တွေကို ပို့ဆောင်လိုက်တယ်လို့ သောကြာနေ့က ကြေငြာပါတယ်။

USS Abraham Lincoln လေယာဉ်တင်သင်္ဘော ပါဝင်တဲ့ စစ်သင်္ဘောအုပ်စု နဲ့ B-52 ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသကို ရောက်ပြီး တရက်အကြာမှာပဲ အမေရိကန်ဘက်က အခုလိုထပ်ပြီးတော့ ပို့ဆောင်လိုက်တာဖြစ်ပါတယ်။ အီရန်က အမေရိကန်တွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်ဖို့ စီစဉ်နေနိုင်တယ်လို စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အမေရိကန်ဘက်က အရှေ့အလယ်ပိုင်းဒေသကို တပ်တွေ စေလွှတ်လိုက်တာဖြစ်ပါတယ်။

အမေရိကန်နဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်တာတွေကို သင့်တော်သလို တုံ့ပြန်သွားမှာဖြစ်တယ်ဆိုတာကို အီရန်အနေနဲ့ နားလည်ဖို့အရေးကြီးတယ်လို့ လက်ရှိအမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ Patrick Shanahan က သောကြာနေ့မှာ ပြောပါတယ်။

ကျနော်တို့ အရှေ့အလယ်ပိုင်းဒေသမှာရှိနေတာဟာ အကြမ်းဖက်ဝါဒကို တိုက်ခိုက်နှိမ်နှင်းပြီး လုံခြုံရေးတည်ဆောက်ဖို့အပြင် ကိုယ့်ကိုယ်ကိုလည်း ကာကွယ်သွားဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။ အီရန်ဘက်က မြေပြင်ကရော ပင်လယ်ပြင်ကပါ ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ အမေရိကန်စစ်တပ်အကြီးတန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

USS Arlington သင်္ဘောကတော့ USS McHenry နေရာမှာ အစားထိုးမှာဖြစ်ပြီး Patriot ဒုံးကျည်ပစ်စင်တွေကိုတော့ ဘယ်မှာထားမယ်ဆိုတာကို အမေရိကန်စစ်တပ်တာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG