အစ္စရေး ဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို ICC ဖမ်းဝရမ်းထုတ်

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (ဝဲ) နဲ့ ကာကွယ်ရေးဝန်ကြီး (ဟောင်း) Yoav Gallant တို့ကို နှစ် ၇၀ ပြည့် တပ်မတော်အခမ်းအနားနေ့မှာ တွေ့ရစဥ်။ (အောက်တိုဘာ ၃၁၊ ၂၀၂၄)

အစ္စရေးဝန်ကြီးချုပ်နဲ့အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ အောက်တိုဘာ ၈ ရက်ကနေ ၂၀၂၄ မေလ ၂၀ ရက်နေ့အထိ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu၊ အရင်ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ ၂ယောက်ကို ဖမ်းဝရမ်းထုတ်ပြန်တယ်လို့ ICC တရားရုံးရဲ့ ဒီနေ့ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ICC တရားရုံးဟာ အဓိပ္ပါယ်မရှိ ဖမ်းဝရမ်းတွေထုတ်ပြန်ပြီး တရားရုံးရဲ့ တရားဝင်မှုမဲ့အောင်လုပ်နေတယ်လို့ အစ္စရေးနိုင်ငံခြားရေးဌာနက တုံ့ပြန်ပါတယ်။

၂၀၂၃ အောက်တိုဘာလက အစ္စရေးနယ်မြေတွေအပေါ် Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက် ခဲ့တာကိုလက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအပေါ် စစ်ဆင်ခဲ့မှုအတွင်း ကလေးငယ်အမြောက်အများအပါအဝင် ပါလက်စတိုင်းပြည်သူတွေ သေဆုံးခဲ့ပြီး သိန်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အစ္စရေး ဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို ICC ဖမ်းဝရမ်းထုတ်