အစ္စရေးတိုက်ခိုက်မှု လက်ဘနွန်မှာ ပိုပြင်းထန်လာ

အစ္စရေး လစ်ဘနွန်

အစ္စရေးဟာ စနေနေ့က လက်ဘနွန်နိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပြီး ဟဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ အခိုင်အမာတည်ရှိနေတဲ့ ဘေရွတ်မြို့တော်ရဲ့ လူနေထူထပ်တဲ့ တောင်ပိုင်းဆင်ခြေဖုံး ရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှု ဒါဇင်နဲ့ချီ လုပ်ဆောင်ခဲ့ပါတယ်။

အစ္စရေးဟာ စနေနေ့က လက်ဘနွန်နိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပြီး ဟဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ အခိုင်အမာတည်ရှိနေတဲ့ ဘေရွတ်မြို့တော်ရဲ့ လူနေထူထပ်တဲ့ တောင်ပိုင်းဆင်ခြေဖုံး ရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှု ဒါဇင်နဲ့ချီ လုပ်ဆောင်ခဲ့ပါတယ်။

လက်ဘနွန် နိုင်ငံ မြောက်ဘက် အတွင်းပိုင်းထဲ အထိ ထိုးဖောက် တိုက်ခိုက်တဲ့ ထဲမှာ ပါလက်စတိုင်း ဒုက္ခသည်စခန်းလည်း ပါဝင်ပြီး ဒါဟာ ဟဇ်ဘိုလာနဲ့ ဟားမတ်စ် နှစ်ဖွဲ့လုံးက တိုက်ခိုက်ရေးသမား‌တွေကို ပထမဆုံး အကြိမ် အဖြစ် တပြိုင်တည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးကတော့ ဟဇ်ဘိုလာတပ်မှူးတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ပစ်မှတ်ထားပြီး စစ်သွေးကြွအဖွဲ့ကို နယ်စပ်တွေကနေ ဝေးရာကို မောင်းထုတ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ဒီလို လက်ဘနွန်မှာ လေကြောင်း တိုက်ခိုက်မှုတွေ တိုးလာနေချိန်ဟာ ဂါဇာ ကမ်းမြောင်မှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲ နှစ်ပတ်လည် အချိန်နဲ့လည်း တိုက်ဆိုင်နေပြီး ကမ္ဘာတဝန်းမှာ စစ်ဆန့်ကျင်ရေး ချီတက်ပွဲတွေ ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။

လက်ဘနွန်မှာလည်း ပါလက်စတိုင်း ဒုက္ခသည်တွေ အပါအဝင် သောင်းနဲ့ချီဟာ ဒေသတွင်း ကျယ်ပြန့်လာနေတဲ့ စစ်ပွဲ ပဋိပက္ခကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ တချိန်တည်းမှာပဲ လက်ဘနွန်မှာ အရပ်သားတွေ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ အခြေအနေက အကျပ်အတည်းကြီး တခု ဖြစ်လာနေလို့ အကူအညီပေးရေးအေဂျင်စီတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

ဟစ်ဘိုလာ တွေ အပေါ် အစ္စရေးက "အကန့်အသတ်နဲ့ ဒေသအလိုက်သတ်မှတ်ပြီး ပစ်မှတ်ထား" တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးရဲ့ အတိုင်းအတာနဲ့ နယ်ပယ်က ကျယ်ပြန့် ပြင်းထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာချိန်မှာ ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန်မှာ တိုက်ခိုက်မှုတွေကြောင့် လက်ရှိ အရပ်သားတွေ၊ ဆေးမှူးတွေနဲ့ ဟဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေ အပါအဝင် အနည်းဆုံ; လူ ၁,၄၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး သီတင်းနှစ်ပတ်အတွင်းမှာ လူ ၁.၂ သန်းဝန်းကျင်ဟာလည်း နေအိမ်တွေကနေ စွန့်ခွာ ထွက်ပြေးနေရပါတယ်။

Your browser doesn’t support HTML5

အစ္စရေးတိုက်ခိုက်မှု လက်ဘနွန်မှာ ပိုပြင်းထန်လာ