သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်တောင်ပိုင်းဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အစ္စရေး သတိပေး


အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုခံနေရတဲ့ လက်ဘနွန်တောင်ပိုင်းက ခီရမ်ရွာမြင်ကွင်း။ (အောက်တိုဘာ ၃၊ ၂၀၂၄)
အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုခံနေရတဲ့ လက်ဘနွန်တောင်ပိုင်းက ခီရမ်ရွာမြင်ကွင်း။ (အောက်တိုဘာ ၃၊ ၂၀၂၄)

အစ္စရေးက လက်ဘနွန်မြို့တော်ဘေရွတ်မြို့တောင်ပိုင်းကို ကြာသပတေးနေ့မှာ ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟက်ဇဘိုလာတွေ အဓိကအခြေစိုက်ရာအနီးက ဒေသခံတွေကို ဘေးလွတ်ရာကိုရွှေ့ပြောင်းကြဖို့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးက ဘေရွတ်လေဆိပ်အနီးက ဟက်ဇဘိုလာတွေရဲ့ သိုလှောင်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဟက်ဇဘိုလာနဲ့ နီးစပ်သူတဦးက AFP သတင်းကိုပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုသိုလှောင်ရုံတွေဆိုတာကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ကြာသပတေးနေ့တရက်တည်းမှာတင် အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ ၃၇ ဦးသေဆုံးပြီး ၁၅၁ ဦးဒဏ်ရာရတယ်လို့ လက်ဘနွန်ကျန်းမာရေးဌာနက ပြောပါတယ်။

အစ္စရေးဟာ ဟက်ဇဘိုလာတွေရှိတဲ့လက်ဘနွန်ကို လေကြောင်းနဲ့ကြည်းကြောင်းက ပါဝင်ရောက်တိုက်ခိုက်နေသလို ဂါဇာမှာလည်း ဆက်လက် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းတွေရှိရာ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း Westbank မှာလည်း ကြာသပတေးနေ့က အစ္စရေးက ဂျက်တိုက်လေယဉ်တွေပါသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၁၈ ဦးသေဆုံးခဲ့ပါတယ်။ လက်ဘနွန်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် တရက်အတွင်း ကျန်းမာရေးဝန်ထမ်း ၂၈ ဦးသေဆုံးခဲ့တယ်လို့ WHO အကြီးအကဲ တက်ဒရို့စ်က ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က အီရန်ကအစ္စရေးကို ရာနဲ့ချီတဲ့ မစ်ဇိုင်းဒုန်းတွေနဲ့ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးကလက်စားချေတိုက်ခိုက်ရာ အီရန်ရဲ့ ရေနံနဲ့လောင်စာဆီစက်ရုံတွေကိုပါ တိုက်ခိုက်နိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပြီး ဒီတိုက်ခိုက်နိုင်ခြေနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ ဆွေးနွေးစကားပြောနေတယ်လို့ သမ္မတဘိုင်ဒန်က ကြာသပတေးနေမှာပြောပြီး အမေရိကားမှာ ရေနံဈေးနှုန်းတွေ ၄ ရာနှုန်းကျော် ၅ ရာနှုန်းအထိ ခုန်တက်သွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG