မန္တလေးခရိုင် ကိုဗစ် ၂ ပတ်ကြာ ထိန်းချုပ်မှုအောင်မြင်ကြောင်း တိုင်းအစိုးရတာဝန်ရှိသူပြော

A cleaner wearing a face mask sweeps a road near the ramparts of the former royal palace

{{Zawgyi/Unicode}}

မန္တလေးခရိုင်မှာ ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ သီတင်း ၂ ပတ်ကြာ ဆောင်ရွက်ခဲ့ပြီးတဲ့နောက် ကူးစက်မှုလျော့ကျသွားတယ်လို့ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အခုတော့ ကန့်သတ်ချက်တွေကိုလည်း ပြန်လေ ျှာ့လိုက်တဲ့အကြောင်း ကိုထက်အောင်ခန့် က ပြောပြပါမယ်။

ရန်ကုန်ပြီးရင် Covid -19 ကူးစက်သူဦးရေ အများဆုံး ဖြစ်လာတဲ့ မန္တလေးတိုင်း မန္တလေးခရိုင်မှာ ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ရေး ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကပ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်ဖို့ ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုထိန်းချုပ်မှုကာလပြီဆုံးတဲ့နောက်မှာတော့ ရောဂါကူးစက်သူ လျော့နည်းသွားတယ်လို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

“Stay At Home လုပ်တယ်။ သူ့ရဲ့ရောဂါထိန်းချုပ်တဲ့ သဘောတရားအရလည်းပဲ သူက ၁ဝ ရက်ကျော်တော့မှ အဲ့ဒီ Result ကိုတွေ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့မန္တလေးတိုင်ဒေသကြီးမှာလည်းပဲ Stay At Home လုပ်တဲ့ အချိန်မှာ ကူးစက်မှုနှုန်းနော် ၁၆ ဒသမ ၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲ့ဒီကနေ့ လာလိုက်တာ Graph ကိုကြည့်လိုက်တဲ့အခါ နေ့စဉ် ထောင်တက်လိုက် ပြန်ဆင်းလိုက်နဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပယ်က ကျွန်တော်တို့ မန္တလေးသူ မန္တလေးသားတွေ ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ Stay At Home နေလိုက်တဲ့ ရလဒ်ဟာ ကူးစက်မှုနှုန်း ၁ဝ ရက်ကျော်လာတဲ့အခါမှာ ကျဆင်းလာတာကို တွေ့ရပါတယ်။”

မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပြီး မြို့နယ်ကျော်လွန် သွားရောက်သူ တွေကိုလည်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေရဲ့ အနိမ့်ဆုံးပြစ်ဒဏ် ဖြစ်တဲ့ ငွေဒဏ် ၅ ထောင် ချမှတ်ပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။ ထိန်းချုပ်မှု ၂ ပတ်အတွင်း အရေးယူခံရသူ စုစုပေါင်း ၁၃၀၀၀ ကျော်ရှိပါတယ်။

ရောဂါကူးစက်မှုထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်ပေမယ့် မန္တလေးတိုင်းမှာတော့ နေ့စဉ်ပိုးတွေ့ရှိသူ ၂၀၀ ကျော်ရှိနေဆဲပါ။

ရောဂါကူးစက်သူတွေနဲ့ သံသယလူနာတွေကို လိုက်ပါခေါ်ဆောင်ပေးနေတဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့က ကိုစွမ်းပြည့်အောင်ကတော့ ကူးစက်မှု ဆက်လျော့ကျအောင် ကန့်သတ်ချက် ဆက်လုပ်ရင် ပိုကောင်းမယ်လို့မြင်ပါတယ်။

“ဒီလုပ်တဲ့ ၁၄ ရက်မှာတော့ လျော့သင့်သလောက်လည်း လျော့ပါတယ်။ လျော့တယ်လို့ သုံးသပ်ရတာပေါ့။ အတိအကျကြီး တွက်ထားတာမဟုတ်တော့ ပြောလို့မရဘူးလေ။ ထပ်ပြီးတော့ လုပ်ရင်တော့ ကျွန်တော်တို့အတွက် ပိုကောင်းတယ်လို့ မြင်တာပေါ့နော်။ ဒါပေမယ့်လည်း ပြည်သူတွေဘက်ကလည်း စားဝတ်နေရေးက ခက်ခဲက တော်တော်ဖြစ်လာပြီဆိုတော့ အဲ့တော့လည်း ပြန်ကြည့်ရတာပေါ့။ ကျွန်တော်တို့ ဖြစ်ချင်တာကြီးပဲ ဖြစ်လို့ မရဘူးလေ။”

ရောဂါကူးစက်မှုထိန်းချုပ်ဖို့ ပိတ်ထားခဲ့တဲ့ သီရိမာလာဈေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ ပြန်လည် ဖွင့်လှစ်မှာဖြစ်ပြီး ကျန်တဲ့ဈေးတွေမှာတော့ အစားအသောက်နဲ့ ဆေးဝါးဆိုင်တွေသာ ဖွင့်လှစ်ခွင့် ပြုထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းအတွင်း ဆိုင်ထိုင်စားတဲ့စနစ်ကို ပြန်လည်ခွင့်ပြုဖို့ စစ်ဆေးတာတွေ ပြုလုပ်နေပြီး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီတဲ့ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ ပြင်ဆင်ဆောက်ရွက်နေပါတယ်။

မန္တလေးမှာ လက်ရှိအချိန်ထိ အတည်ပြုလူနာ ၈၆၀၀ ကျော် ဆေးရုံတက်ရောက်နေသူ ၂၄၀၀ ကျော်ရှိပြီး သေဆုံးသူက ၁၅၀ နီးပါးရှိပါတယ်ခင်ဗျာ။ ကျွန်တော်ထက်အောင်ခန့်ပါ။ ဗွီအိုအေအတွက် သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

“Stay At Home လုပ်တယ်။ သူ့ရဲ့ရောဂါထိန်းချုပ်တဲ့ သဘောတရားအရလည်းပဲ သူက ၁၀ ရက်ကျော်တော့မှ အဲ့ဒီ Result ကိုတွေ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့မန္တလေးတိုင်ဒေသကြီးမှာလည်းပဲ Stay At Home လုပ်တဲ့ အချိန်မှာ ကူးစက်မှုနှုန်းနော် ၁၆ ဒသမ ၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲ့ဒီကနေ့ လာလိုက်တာ Graph ကိုကြည့်လိုက်တဲ့အခါ နေ့စဉ် ထောင်တက်လိုက် ပြန်ဆင်းလိုက်နဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပယ်က ကျွန်တော်တို့ မန္တလေးသူ မန္တလေးသားတွေ ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ Stay At Home နေလိုက်တဲ့ ရလဒ်ဟာ ကူးစက်မှုနှုန်း ၁၀ ရက်ကျော်လာတဲ့အခါမှာ ကျဆင်းလာတာကို တွေ့ရပါတယ်။”

မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပြီး မြို့နယ်ကျော်လွန် သွားရောက်သူ တွေကိုလည်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေရဲ့ အနိမ့်ဆုံးပြစ်ဒဏ် ဖြစ်တဲ့ ငွေဒဏ် ၅ ထောင် ချမှတ်ပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။ ထိန်းချုပ်မှု ၂ ပတ်အတွင်း အရေးယူခံရသူ စုစုပေါင်း ၁၃၀၀၀ ကျော်ရှိပါတယ်။

ရောဂါကူးစက်မှုထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်ပေမယ့် မန္တလေးတိုင်းမှာတော့ နေ့စဉ်ပိုးတွေ့ရှိသူ ၂၀၀ ကျော်ရှိနေဆဲပါ။

ရောဂါကူးစက်သူတွေနဲ့ သံသယလူနာတွေကို လိုက်ပါခေါ်ဆောင်ပေးနေတဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့က ကိုစွမ်းပြည့်အောင်ကတော့ ကူးစက်မှု ဆက်လျော့ကျအောင် ကန့်သတ်ချက် ဆက်လုပ်ရင် ပိုကောင်းမယ်လို့မြင်ပါတယ်။

“ဒီလုပ်တဲ့ ၁၄ ရက်မှာတော့ လျော့သင့်သလောက်လည်း လျော့ပါတယ်။ လျော့တယ်လို့ သုံးသပ်ရတာပေါ့။ အတိအကျကြီး တွက်ထားတာမဟုတ်တော့ ပြောလို့မရဘူးလေ။ ထပ်ပြီးတော့ လုပ်ရင်တော့ ကျွန်တော်တို့အတွက် ပိုကောင်းတယ်လို့ မြင်တာပေါ့နော်။ ဒါပေမယ့်လည်း ပြည်သူတွေဘက်ကလည်း စားဝတ်နေရေးက ခက်ခဲက တော်တော်ဖြစ်လာပြီဆိုတော့ အဲ့တော့လည်း ပြန်ကြည့်ရတာပေါ့။ ကျွန်တော်တို့ ဖြစ်ချင်တာကြီးပဲ ဖြစ်လို့ မရဘူးလေ။”

ရောဂါကူးစက်မှုထိန်းချုပ်ဖို့ ပိတ်ထားခဲ့တဲ့ သီရိမာလာဈေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ ပြန်လည် ဖွင့်လှစ်မှာဖြစ်ပြီး ကျန်တဲ့ဈေးတွေမှာတော့ အစားအသောက်နဲ့ ဆေးဝါးဆိုင်တွေသာ ဖွင့်လှစ်ခွင့် ပြုထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းအတွင်း ဆိုင်ထိုင်စားတဲ့စနစ်ကို ပြန်လည်ခွင့်ပြုဖို့ စစ်ဆေးတာတွေ ပြုလုပ်နေပြီး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီတဲ့ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ ပြင်ဆင်ဆောက်ရွက်နေပါတယ်။

မန္တလေးမှာ လက်ရှိအချိန်ထိ အတည်ပြုလူနာ ၈၆၀၀ ကျော် ဆေးရုံတက်ရောက်နေသူ ၂၄၀၀ ကျော်ရှိပြီး သေဆုံးသူက ၁၅၀ နီးပါးရှိပါတယ်ခင်ဗျာ။ ကျွန်တော်ထက်အောင်ခန့်ပါ။ ဗွီအိုအေအတွက် သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

..................................................

Your browser doesn’t support HTML5

မန္တလေးကိုဗစ်ရောဂါကူးစက်မှုလျော့ကျ

{{Unicode}}












