သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမှာ ၂ ပတ်ကြာ Lockdown အမိန့်ထုတ်


ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ပဲခူးဒေသအနီး စားသောက်ဆိုင်တန်းတွင် ကာကွယ်ဆေးဖြန်းနေသည့် လုပ်သားတဦး။ ဧပြီ ၃၊ ၂၀၂၀
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ပဲခူးဒေသအနီး စားသောက်ဆိုင်တန်းတွင် ကာကွယ်ဆေးဖြန်းနေသည့် လုပ်သားတဦး။ ဧပြီ ၃၊ ၂၀၂၀

(Zawgyi/Unicode)

ကိုဗစ်ရောဂါ ကူးစက်မှု ဆက်လက်မြင့်မားနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းပြီးရင် မန္တလေးတိုင်းက ကူးစက်မှု အများဆုံးဖြစ်နေတဲ့အတွက် ခုလာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ၂ ပတ်ကြာ၊ မဖြစ်မနေ အပြင်ထွက်ရမယ့် လုပ်ငန်းအမျိုးအစားကလွဲလို့ မန္တလေးပြည်သူတွေ နေအိမ်အပြင် မထွက်ကြဖို့ဆိုတဲ့ အမိန့်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဇင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဘဏ်နဲ့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း ၊ စက်သုံးဆီဆိုင်၊ သားငါးနဲ့ စားသောက်ကုန် လုပ်ငန်း၊ ရေသန့်နဲ့ တကိုယ်ရည်သုံး ပစ္စည်းထုတ် စက်ရုံတွေနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေသာ လည်ပတ်ခွင့်ရှိပေမယ့် ကျန်လုပ်ငန်းအမျိုးအစားတွေကတော့ ဒီ ၂ ပတ်တာ ကာလအတွင်း ရပ်နားထားရမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မန္တလေးတိုင်း မြို့နယ်အသီးသီးမှာရှိတဲ့ ဈေးတွေကိုလည်း မနက်ပိုင်း နေ့တဝက်သာ ဖွင့်ခွင့်ပေးပြီး ၊ ကုန်စိမ်းဒိုင်တွေကတော့ တနေ့မှာ ၂ ကြိမ် အချိန်အကန့်အသတ်နဲ့သာ ဖွင့်ရမှာ ဖြစ်ပါတယ်။ ဈေးရောင်း ဈေးဝယ် ပြည်သူတွေ ကိုဗစ်ကာကွယ်ရေး အခြေခံစည်းမျည်းဖြစ်တဲ့ နှာခေါင်းစည်းတပ်တာ ၊ လက်အိတ်စွပ်တာ လုပ်ရမယ်လို့ ဖေါ်ပြထားပါတယ်။ ဆေးရုံဆေးခန်း သွားလိုသူတွေနဲ့ လိုအပ်ပစ္စည်း ဈေးထွက်ဝယ်လိုသူတွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ရယူဖို့ လိုပြီး တအိမ်ထောင်ကို ယာဉ်မောင်းအပါဝင် ၃ ဦးသာ ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။

အခု ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို ဖေါက်ဖျက်ရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒီအတောတွင်း နေပြည်တော်ကောင်စီ နယ်မြေနဲ့ Stay-at-Home အစီအစဉ်မှာ ပါဝင်ခြင်း မရှိတဲ့ တိုင်းနဲ့ပြည်နယ် ဒေသကြီးတွေက အစိုးရဆိုင်ရာ ဝန်ထမ်းတွေဟာ သက်ဆိုင်ရာရုံးတွေမှာ အချိန်ပြည့် နေ့စဉ်အလုပ်ဆင်းရ တော့မှာဖြစ်ကြောင်း ၊ ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေး ဗဟိုကော်မတီက ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီဝန်ထမ်းတွေဟာ အရင်က ၂ ပတ် ရုံးတက် ၊ ၂ ပတ် နေအိမ်ကနေ အလုပ်လုပ်ဆိုတဲ့ အစီအစဉ်နဲ့ လည်ပတ်နေခဲ့တာပါ။

ဒီဇင်ဘာ ၂ ရက်နေ့ည ၈ နာရီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဗုဒ္ဓဟူးနေ့ တရက်ထဲမှာတင် ကိုဗစ်အတည်ပြုလူနာသစ် (၁,၄၁၁)နဲ့ သေဆုံးသူ (၂၆)ဦး တိုးလာတဲ့အတွက် အခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခဲ့သူပေါင်း (၉၃,၆၀၀)နဲ့ ကိုဗစ်ကြောင့် သေဆုံးသူ (၁,၉၉၈) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


................

မန်တလေးမှာ ၂ ပတျကွာ Lockdown အမိန့ျထုတျ

(Unicode)







XS
SM
MD
LG