မြန်မာသံအမတ်ကြီးကို ဗြိတိန်နိုင်ငံခြားရေးရုံး ဆင့်ခေါ်ရှုတ်ချ

资料照:英国外交国务大臣纳杰尔·亚当斯

{{Zawgyi/Unicdoe}}

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို တနလာၤနေ့မှာ ဗြိတိန်နိုင်ငံခြားရေးဌာနက ဆင့်ခေါ်ပြီး ဆန္ဒပြပွဲတွေမှာ လူသေဆုံး ထိခိုက်ဒဏ်ရာရစေတဲ့အထိ လုံခြုံရေးအဖွဲ့တွေက အင်အားသုံးနေတာကို ရှုတ်ချခဲ့သလို ဒီလုပ်ရပ်တွေရပ်ဖို့လည်း ပြောဆိုခဲ့ပါတယ်။

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးကို အခု ဖေဖော်ဝါရီလအတွင်း ဗြိတိန်က ဒုတိယအကြိမ် ဆင့်ခေါ်မှုလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တုံ့ပြန်ကိုင်တွယ်ပုံကို ဗြိတိန်ရဲ့ အာရှဆိုင်ရာ ဝန်ကြီး Nigel Adams က ရှုတ်ချခဲ့သလို လူသေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရစေတဲ့ အင်အားသုံး ဖြိုးခွင်းမှုတွေကို ရပ်ဆိုင်းရမယ်လို့လည်း မြန်မာ သံအမတ်ကြီးကို ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှု၊ နောက်နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားတွေကို တရားမဲ့ ဖမ်းဆီးမှုတွေကိုလည်း ဝန်ကြီး Adams က ကန့်ကွက် ရှုတ်ချခဲ့ပြီး ဖမ်းဆီးထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းကို ငြိမ်းချမ်းစွာ ပြန်လည် ကျင့်သုံးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေ အပေါ် အကြမ်းဖက် ကိုင်တွယ်မှုတွေ အတွက် စစ်တပ်ဘက်က တာဝန်ယူ တာဝန်ခံစေရေး အတွက် နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဗြိတိန်က ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

.........................................

Your browser doesn’t support HTML5

မြန်မာသံအမတ်ကြီးကို ဗြိတိန်နိုင်ငံခြားရေးရုံး ဆင့်ခေါ်ရှုတ်ချ


{{Unicode}}



