ရုရှားကိုသတိထားဖို့ Mueller အစီရင်ခံစာက သတိပေး

၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေကို စုံစမ်းခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ (ဧပြီ၊ ၁၈၊ ၂၀၁၉)

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလအတွင်း ရုရှားနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေရှိမရှိကို စုံစမ်းတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံချက်ဟာ လက်ရှိ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေနဲ့ အရင်က ထောက်လှမ်းရေး အရာရှိတွေရဲ့ ကောက်ချက်ချမှုတွေ တော်တော်များများကို ခိုင်မာသွားစေပါတယ်။

Robert Mueller ရဲ့ အစီရင်ခံချက် မူရင်းက စာမျက်နှာ ၄၀၀ ကျော်ရှိပါတယ်။ ဒါကိုအကျဉ်းချုပ်တည်းဖြတ်ပြီး တရားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့တုန်းက ပြည်သူအများသိနိုင်အောင် ထုတ်ပြန်ခဲ့ပါတယ်။

Robert Mueller ရဲ့ အစီရင်ခံစာ ကြောင့် အမေရိကန်ရဲ့ ဒီမိုကရေစီ ထိခိုက်ပျက်စီးရေး ရုရှားရဲ့ ကြိုးပမ်းမှုတွေက အကြီးအကျယ် အောင်မြင်မှုရှိခဲ့တယ်။ ဆက်ပြီးတော့လည်း လုပ်နေလိမ့်ဦးမယ်ဆိုတာကို သတိပေးလိုက်သလိုလည်း ဖြစ်နေပါတယ်။

ရုရှားအစိုးရရဲ့ ရည်ရွယ်ချက်ထိရောက်အောင်မြင်ရေးမှာ အသုံးချလို့ရမယ့် အမေရိကန်နိုင်ငံသားတွေကို ရုရှားဘက်က ရှာဖွေနိုင်ခဲ့ပြီး စနစ်တကျနဲ့ ထိရောက်အောင်လုပ်နိုင်ခဲ့တဲ့ သက်သေအထောက်အထားတွေကို Robert Mueller ရဲ့ အစီရင်ခံချက်မှာ အထူးသဖြင့် တွေ့ရပါတယ်။

ဒေါ်နလ်ထရမ့်ရဲ့ သမ္မတဖြစ်မှုကနေ အကျိုးအမြတ်ရလိမ့်မယ်လို့ ရုရှားအစိုးရက လေ့လာမိခဲ့တယ်လို့ Robert Mueller ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုတွေရှိတယ်ဆိုတဲ့ အထောက်အထားတွေရှိတယ်ဆိုပေမဲ့လည်း ဒါတွေက ပြစ်မှုဆိုင်ရာအရေးယူရလောက်တဲ့ အဆင့်တော့ မရှိဘူးလို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ရုရှားကိုသတိထားဖို့ Mueller အစီရင်ခံစာက သတိပေး