တရုတ်နှစ်သစ်ကူးနေ့ အစိုးရရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်

ရန်ကုန်မြို့တွင်း တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပရာလမ်းပေါ်မှာ တရုတ်ရိုးရာမီးပုံးတွေ အလှချိတ်ဆွဲထားပုံ။ (ဇန်နဝါရီ ၂၅၊ ၂၀၁၇)

၂၀၂၅ ခုနှစ် ပြက္ခဒိန်မှာ တရုတ်နှစ်သစ်ကူးနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် ထည့်သွင်းမယ်လို့ နိုင်ငံတော်ပိုင် MRTV က တနင်္လာနေ့ မှာ ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးခိုင်မာစေဖို့ တခြား အာဆီယံနိုင်ငံတွေလိုပဲ တရုတ်နှစ်သစ်ကူးနေ့ကို တရားဝင် ရုံးပိတ်ရက် သတ်မှတ်တာ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

၂၀၂၅ ရုံးပိတ်ရက်တွေကို အစိုးရက ကြိုတင်ကြေညာလိုက်တာပါ။ ရုံးအားရက်တွေအဖြစ် ဘာသာရေး နေ့ထူးနေ့မြတ်တွေနဲ့ သမိုင်းဝင်နေ့တွေ ပါဝင်ပါတယ်။

၁၀၂၇ ဒုတိယအဆင့် စစ်ဆင်ရေးကြောင့် ရှမ်းအရှေ့မြောက်ဒေသမှာ စစ်ကောင်စီ စခန်းတွေကျဆုံးနေပြီး မြို့အတော်များများကိုလည်း ထိန်းချုပ်မှု စွန့်လွှတ်လိုက်ရချိန်မှာ ခုလို ကြေညာချက်ထွက်ပေါ်လာခဲ့တာပါ။ မကြာမီတုန်းကလည်း တရုတ်က ဘန်ဒေါင်းမူ ၅ ချက် ၇၅ နှစ်ပြည့် အစည်းအဝေးတက်ရောက်ဖို့ စစ်ကောင်စီဥက္ကဋ္ဌကိုမဖိတ်ကြားခဲ့ဘဲ သမ္မတဟောင်းဦးသိန်းစိန်ကို ဖိတ်ကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

တရုတ်နှစ်သစ်ကူးနေ့ အစိုးရရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်