မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၂၁,၄၃၃ ဦး၊ သေဆုံး ၅၁၀ ဦး

ရန်ကုန်မြို့ Quaratine Center တခုတွင် တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် လုပ်အားပေးများ။ (အောက်တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ဓါတ်ခွဲနမူနာတွေ့ရှိသူ အယောက် ၁,၄၀၀ ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၂၁,၄၃၃ ဦးရှိပြီ ဖြစ်ပါတယ်။ ဒီကနေ့ သေဆုံးသူက ၃၉ ယောက်ရှိတဲ့အတွက် အခုထိ COVID-19 ကြောင့် သေဆုံးသူပေါင်း ၅၁၀ ဦးရှိပြီဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာပေါင်း ၁၂,၃၂၂ ခု စစ်ဆေးခဲ့တာဖြစ်ပြီး အခုလို ရောဂါကူးစက်ထားသူ ၁,၄၀၀ ကိုအတည်ပြုခဲ့တာပါ။

အခုအချိန်ထိ ဓာတ်ခွဲနမူနာပေါင်း ၃၅၅,၂၇၁ ခု စစ်ဆေးခဲ့ပြီး အတည်ပြုလူနာတွေထဲရောဂါပိုးကင်းစင်လာသူက ၆,၀၈၄ ယောက်ရှိပါတယ်။

SEE ALSO: မြန်မာကပ်ရောဂါထိန်းချုပ်ရေး အရှိန်မြင့်ဆောင်ရွက် - ဒေါက်တာဇော်ဝေစိုး

COVID-19 ကူးစက်ပြန့်ပွါးမှုကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး လျှော့ချနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းကို မပျက်မကွက်စနစ်တကျတပ်ဆင်ဖို့ ကျန်းမာရေးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဒီလို အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်း မဖြစ်မနေဝတ်ဆင်တာကို နိုင်ငံသားကောင်းတွေအနေနဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်တခုအဖြစ် လိုက်နာကြဖို့လည်း ကျန်းမာရေးဌာနက သတိပေးနှိုးဆော်ထားပါတယ်။

[Unicode Version]




