(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက် ထပ်တိုးမလာဘဲ ကူးစက်ခံထားရသူတွေထဲက ထက်ဝက်ကျော် ရောဂါပိုးကင်းစင်သွားပြီ ဖြစ်ပါတယ်။
စုစုပေါင်း ရောဂါပိုးကူးစက်သူ အရေအတွက် ၁၈၂ ယောက်မှာပဲ ဆက်ရှိနေပြီး အဲဒီထဲက ၉၅ ဦးဟာ ရောဂါပိုး ကင်းစင်သွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မေလ ၁၆ ရက် စနေည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အဲဒီထဲကမှ ၈၃ ဦးကိုတော့ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အဲဒီလူတွေကိုတော့ အသွားအလာ ဆက်ကန့်သတ်ထားပြီး စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
SEE ALSO: ရန်ကုန်အပြင် တခြားဒေသတွေမှာပါ COVID-19 စစ်ဆေးနိုင်ဖို့ ပြင်ဆင်နေဓာတ်ခွဲစစ်ဆေးမှုတွေထဲမှာဆိုရင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ဒီကနေ့ ပထမအသုတ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၄ ခုနဲ့ ဆေးသုတေသန ဦးစီးဌာနက စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၃၇ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂၃၁ ခုကို စစ်ဆေးခဲ့တာမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် တယောက်မှ မတွေ့တာ ဖြစ်ပါတယ်။
ဒီသီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီးတော့ သေဆုံးလူနာ ထပ်မရှိဘဲ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက သေဆုံးသူအရေအတွက် ၆ ဦး ရှိထားပါတယ်။
-----------------------------
(Unicode)
SEE ALSO: COVID-19 ကာကွယ်ရေး ကန့်သတ်ချက်တချို့ ဖြေလေ ျှာ့ပေးတော့မယ်အဲဒီထဲကမှ ၈၃ ဦးကိုတော့ ဆေးရုံက ဆငျးခှင့ျပေးလိုကျပွီလို့လညျး ထုတျပွနျခကြျမှာ ပွောထားပါတယျ။ အဲဒီလူတှကေိုတော့ အသှားအလာ ဆကျကန့ျသတျထားပွီး စောင့ျကွည့ျနတေယျလို့လညျး ဆိုပါတယျ။