မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လက်ရှိအခြေအနေအရ ပြည်သူ့ဆန္ဒကို ထင်ဟပ်နိုင်မှာ မဟုတ်ကြောင်း အမေရိကန် အကြီးတန်းသံတမန်တယောက်က ပြောလိုက်ပါတယ်။ ရှေ့နှစ်ထဲ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေအပေါ် စိုးရိမ်မိကြောင်းလည်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က VOA ကို ဒီနေ့ပဲ ပြောခဲ့တာပါ။
စစ်ကောင်စီဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်သေးသလို လုံခြုံစိတ်ချရတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေမရှိတာကြောင့်မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲဖြစ်မလာနိုင်ကြောင်းလည်း ပြောပါတယ်။
လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ ပိုများလာပြီး၊ ပဋိပက္ခတွေ တာရှည်အောင် ဖန်တီးရာရောက်နိုင်တယ်လို့လည်း သတိပေးခဲ့တာပါ။ စစ်ကောင်စီအနေနဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး မတိုင်ခင်မှာ ရွေးကောက်ပွဲတွေ မကျင်းပသင့်ကြောင်းလည်း သူက ထောက်ပြထားပါတယ်။
Your browser doesn’t support HTML5