မြန်မာ့တပ်မတော် ထောက်ခံပွဲ ရန်ကုန်မှာ ပြုလုပ်

“မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲ” ဆိုတဲ့ ချီတက်စုဝေးပွဲတခုကို အောက်တိုဘာလ ၂၉ ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာပြုလုပ်ပါတယ်။ ဒီပွဲကို တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့ (ရန်ကုန်) က ကြီးမှူးကျင်းပတာလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်ပိုင်း တပ်မတော်က စစ်ဆင်ရေးလုပ်တာကနေ ဒုက္ခသည် အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားပြီးတဲ့နောက် နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂနဲ့ တခြား လူ့အခွင့် အရေးအဖွဲ့တွေက အထူးသဖြင့် တပ်မတော်ကို ဝေဖန်ပြောဆိုတာတွေ ထွက်နေချိန်မှာပဲ အခု ထောက်ခံပွဲကို လုပ်ကြတာပါ။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အလံပြဘုရားလမ်းတွေအတိုင်း စီတန်းလှည့်လည်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ ကားရပ်နား ရာနေရာမှာလုပ်တဲ့ ချီတက် စုဝေးပွဲမှာ လူ ၂,၀၀၀ ကျော်ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကတည်းကဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူပေါင်း ၆၀၀,၀၀၀ ကျော်ပြီလို့ ကုလ သမဂ္ဂကပြောထားပါတယ်။

နယ်ခြားစောင့်ကင်းစခန်းတွေကို အစွန်းရောက်ဝါဒီတွေက တိုက်ခိုက်တဲ့အတွက် တပ်မတော်က စစ်ဆင်ရေးလုပ်ရှင်းလင်းတာ ဖြစ်ပြီး အစိုးရခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စစ်ဘက်အကြီးအကဲတွေက ပြောထားပါ တယ်။ ဒါပေမဲ့လဲ ဒီစစ်ဆင်ရေးမှာ အင်အားအလွန်အကျွံသုံးပြီးတော့ လိုအပ်တာထက်ပိုပြီး အပြင်းအထန်လုပ်ခဲ့တယ်လို့ ကုလ သမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေက စွပ်စွဲထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့တပ်မတော် ထောက်ခံပွဲ ရန်ကုန်မှာ ပြုလုပ်