၂၁ ရာစုပင်လုံ ညီလာခံ သုံးသပ်ချက် (အပိုင်း-၁)

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုအနေနဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့တာ အခုဆိုရင် ၃ ကြိမ်ရှိခဲ့ပါပြီ။

ဒီပင်လုံညီလာခံတွေရဲ့ ဆွေးနွေးချက်နဲ့ သဘောတူညီချက်တွေကနေ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအလားအလာနဲ့ပတ်သက်လို့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်၊ အစိုးရအဖွဲ့ကိုယ်စားလှယ် ဦးလှမောင်ရွှေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နည်းပညာအထောက်ကူအဖြစ် အားဖြည့်ကူညီနေသူ ဒေါ်သင်းသင်းအောင်တို့ကို တတိယအကြိမ် ညီလာခံအပြီး ဖိတ်ခေါ်ပြီး ဗွီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်းနဲ့ အတူ သုံးသပ်ဆွေးနွေးထားပါတယ်။ ပထမပိုင်းအဖြစ် ဆွေးနွေးမှုမှာတော့ နောက်တကြိမ် ကျင်းပမယ့် စတုတ္ထအကြိမ် ညီလာခံအတွက် မျှော်လင့်ချက်နဲ့ ပတ်သက်လို့တော့ ဦးလှမောင်ရွှေ က အခုလိုစတင်ဆွေးနွေးထားပါတယ်။

အသံဖိုင်ကို အောက်ပါလင့်တွင်နားဆင်နိုင်ပါသည်။

Your browser doesn’t support HTML5

၂၁ ရာစုပင်လုံ ညီလာခံ သုံးသပ်ချက် (အပိုင်း-၁)

ဒုတိယပိုင်းအစီအစဉ်မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရင်အစိုးရနဲ့ အရပ်သားအစိုးရလက်ထက် အားနည်းချက်၊ အားသာချက်တွေ အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးမှု အလားအလာတွေကိုလည်း တင်ပြပေးဦးမှာမို့ စောင့်မျှော်နားဆင်နိုင်ကြပါတယ်။