မကြာသေးခင်ကပဲ နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအတွင်း ဆွေးနွေးခဲ့တာတွေနဲ့ ရှေ့အလားအလာတွေကို ညီလာခံမှာ ကိုယ်တိုင်ပါဝင် တက်ရောက်ခဲ့ကြသူ ကိုယ်စားလှယ်တချို့ကို ဖိတ်ခေါ်ပြီး ဗွီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်းနဲ့ သုံးသပ်ဆွေးနွေး ထားတာကိုလည်း တင်ပြပေးချင်ပါတယ်။
ပထမပိုင်းမှာတော့ ငြိမ်းချမ်းရေး ရှေ့အလားအလာ၊ ကျား-မ တန်းတူညီမျှရေး၊ လုံခြုံရေး စတဲ့ ညီလာခံမှာ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်၊ အစိုးရအဖွဲ့ကိုယ်စားလှယ် ဦးလှမောင်ရွှေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နည်းပညာအထောက်ကူအဖြစ် အားဖြည့်ကူညီနေသူ ဒေါ်သင်းသင်းအောင်တို့နဲ့ ဆွေးနွေးမှုတွေကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က စိန်ခေါ်အကဲစမ်းချက်တွေနဲ့ ပတ်သက်လို့ ဆက်လက် ထုတ်လွှင့်ပေးသွားမှာပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ အရင်အစိုးရလက်ထက် ခြားနားချက်တွေ၊ အခက်အခဲတွေကိုတော့ ဦးလှမောင်ရွှေ က အခုလိုစတင်ဆွေးနွေး ထားပါတယ်။
အသံဖိုင်ကို အောက်ပါအတိုင်းနားဆင်နိုင်ပါတယ်။
Your browser doesn’t support HTML5