ရေဒီယိုသတ္တိကြွလှိုင်းဖမ်းယူနိုင်မယ့်စက်တွေ အိန္ဒိယနယ်စပ်ဂိတ်တွေမှာတပ်ဆင်မည်

နျူကလီယာ၊ အီလက်ထရွန် သံလိုက်နဲ့ အလင်းလှိုင်းတွေကို ဖမ်းယူနိုင်တဲ့ စက်တွေကို အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးအပါအဝင် တိုင်းပြည်နယ်စပ်ဝင်ပေါက် ၈ ခုမှာ တပ်ဆင်မယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောကြောင်း နယူး အိန္ဒိယ အိပ်စ်ပရက်စ် (New Indian Express) သတင်းက ပြောပါတယ်။

မြန်မာနဲ့ ပါကစ္စတန်နယ်စပ်မှာ တနေရာစီ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ၄ နေရာနဲ့ နီပေါနယ်စပ် ၂ နေရာမှာ တပ်ဆင်မှာပါ။ ရေဒီယို ဓာတ်သတ္တိကြွပစ္စည်းတွေ အိန္ဒိယနိုင်ငံတွင်းဝင်လာရင် လုံခြုံရေးဌာနတွေအတွက် စိန်ခေါ်ချက်ဖြစ်လာနိုင်တာမို့ RDE လို့ အင်္ဂလိပ်လိုသိကြတဲ့စက်တွေကို ခုလိုတပ်ဆင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစက်တွေဟာ နျူကလီယာဓာတ်သတ္တိနဲ့ သဘာဝအတိုင်း ဓာတ်မြေဩဇာလို ပစ္စည်းတွေကထွက်တဲ့ ဓာတ်သတ္တိလှိုင်းတွေကို ခွဲခြားနိုင်မှာဖြစ်သလို ကုန်တင်ကားကြီးတွေမှာပါလာမယ့် ပစ္စည်းတွေကိုလည်း စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီ စက်တွေကိုတပ်ဆင်ဖို့ အမေရိကန်အပါအဝင် နိုင်ငံခြားကနေ နည်းပညာအကူအညီကို ရယူနိုင်မယ်လို့ အိန္ဒိယအစိုးရကယုံကြည်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ရေဒီယိုသတ္တိကြွလှိုင်းဖမ်းယူနိုင်မယ့်စက်တွေ အိန္ဒိယနယ်စပ်ဂိတ်တွေမှာတပ်ဆင်မည်