ဝါရှင်တန်ဒီစီ ပါတီတွင်း သမ္မတလောင်းရွေးပွဲ ကုလသံအမတ်ကြီးဟောင်း အနိုင်ရ

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Nikki Haley (မတ် ၃၊ ၂၀၂၄)

ဝါရှင်တန်ဒီစီမြို့မှာ ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်မှုကို မနေ့ တနင်္ဂနွေနေ့က ကျင်းပတာမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်းလည်းဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်း ဖြစ်တဲ့ Nikki Haley အနိုင်ရပါတယ်။ ဒါဟာ ၂၀၂၄ ပါတီတွင်း သမ္မတလောင်းယှဉ်ပြိုင်ပွဲတွေမှာ Nikki Haley အနေနဲ့ ပထမဆုံးအနိုင်ရတာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက သမ္မတ Joe Biden မဲအရေအတွက် ၉၂ ရာခိုင်နှူန်း အနိုင်ရခဲ့တဲ့ ဝါရှင်တန်ဒီစီမှာ ဒီမိုကရက်တစ်ထောက်ခံသူ အများစုနေထိုင်ပြီး ရီပတ်ဘလီကန်ပါတီဝင်အဖြစ် စာရင်းပေးထားသူက ၂၃,၀၀၀ လောက်ပဲ ရှိတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်တွေထဲ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ New Hampshire နဲ့ Iowa ပြည်နယ်တွေမှာ ကျင်းပခဲ့တဲ့ ပါတီတွင်း ပဏာမ သမ္မတလောင်း ရွေးချယ်ပွဲတွေမှာတော့ သမ္မတဟောင်း Donald Trump ကပဲ အနိုင်ရထားပါတယ်။ ပြည်နယ် ၁၆ ပြည်နယ်မှာ မတ်လ ၅ ရက် အင်္ဂါနေ့မှာ တရက်တည်း ကျင်းပမယ့် Super Tuesday လို့ခေါ်တဲ့ ပါတီတွင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးတဲ့အထိ အနည်းဆုံး သူ ဆက်ယှဉ်ပြိုင်နေဦးလို့လည်း Nikki Haley က ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ဝါရှင်တန်ဒီစီ ပါတီတွင်း သမ္မတလောင်းရွေးပွဲ ကုလသံအမတ်ကြီးဟောင်း အနိုင်ရ