Dallas ပစ်ခတ်မှု အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်ခြင်းမရှိ

Dallas ရဲအရာရှိချုပ်နဲ့ မြို့တော်ဝန် သတင်းစာရှင်းလင်းပွဲ။ ဇူလိုင်လ ၈ ၂၀၁၆။

ကြာသပတေးနေ့က Texas ပြည်နယ် Dallas မြို့မှာ ရဲအရာရှိ ၅ ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို Micah Johnson ဆိုသူ သေနတ်သမား တယောက်တည်းကသာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Dallas မြို့တော်ဝန် Mike Rawlings က အတည်ပြု ပြောကြားလိုက်ပါတယ်။ဘယ်လိုပစ်ခတ်မယ် နေရာ အရွှေ့အပြောင်းလုပ်မယ် ဆိုပြီး စီစဉ်ထားတဲ့အတိုင်း လုပ်ခဲ့တဲ့ တိုက်ခိုက်မှုဖြစ်တဲ့အကြောင်းလည်း မြို့တော်ဝန်က ပြောဆိုခဲ့တာပါ။

ပစ်ခတ်မှု သံသယရှိသူ Micah Johnson

အခုအခါမှာ သေနတ်သမား သေဆုံးသွားပြီ ဖြစ်တာကြောင့် မြို့မှာလည်း ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရပြီ ဖြစ်တဲ့အတွက် စိတ်ဒဏ်ရာတွေကို ကုစားကြရမှာ ဖြစ်တဲ့အကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။

အလားတူ Texas ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott ကလည်း သေနတ်သမား သေဆုံးသွားပြီဖြစ်ကြောင်း၊ ရဲအရာရှိတွေအနေနဲ့ ပူးပေါင်းကြံစည်သူတွေ ဒါမှမဟုတ် သေနတ်သမားကို ကူညီကောင်း ကူညီနိုင်ခဲ့သူအဖြစ် တခြားမသင်္ကာသူတွေ ရှိ မရှိ ဆိုတာကို သေချာအောင် အခုအခါ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သွေးစည်းညီညွတ်ဖို့ကို အရေးကြီးကြောင်း ပြသဖို့ လိုအပ်တယ် Dallas မြို့ခံတွေ၊ Texas ပြည်နယ်သားတွေအားလုံးနဲ့ တသားတည်း ရှိကြောင်းကို ပြသဖို့ လိုတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ပိုလန်နိုင်ငံ ဝါဆောမြို့မှာ နေတိုးထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ဟာလည်း စီစဉ်ထားတာထက် တရက်စောပြီး တနင်္ဂနွေနေ့မှာ သူ့ရဲ့ဥရောပခရီးစဉ်ကို အမေရိကန် ကို ပြန်လာမှာဖြစ်တဲ့ အကြောင်း သောကြာနေ့နှောင်းပိုင်းမှာ သမ္မတအိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

Dallas ပစ်ခတ်မှု အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်ခြင်းမရှိ