[Zawgyi/Unicode]
ဒီနှစ် ၂၀၂၀ ပြည့်နှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုကို အမေရိကန်ကဗျာဆရာ Louise Gluck ကို သူမရဲ့ လူတစ်ဦးချင်းတည်ရှိမှုအပေါ် အမှားအယွင်းမဲ့ လှပတဲ့ ကဗျာဖွင့်ဟမှုအတွက် ပေးအပ်လိုက်ပါတယ်။
ဆွီဒင်သိပ္ပံအကယ်ဒမီက အမြဲတမ်းအတွင်းဝန် Mats Malm က ခုလိုပေးအပ်လိုက်ကြောင်း Stockholm မြို့ကနေ ကြေညာလိုက်တာပါ။
ဒီကမ္ဘာ့အကြီးမြတ်ဆုံး စာပေဆုကြီးပေးအပ်မှုအပေါ် နှစ်ပေါင်းများစွာ အငြင်းပွားမှုတွေ၊ အလွဲသုံးစားမှုတွေကြုံခဲ့အပြီး အခုလိုပေးအပ်နိုင်တာပါ။
SEE ALSO: ရူပဗေဒနိုဘယ်ဆု အာကာသတွင်းနက်လေ့လာသူသုံးဦး ရရှိ၂၀၁၈ ခုနှစ်တုန်းကတော့ ဒီဆုကိုရွေးချယ်တဲ့ ဆွီဒင်အကယ်ဒမီအဖွဲ့မှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေဖြစ်ခဲ့ပြီး၊ အဖွဲ့ဝင်အတော်များများ နုတ်ထွက်ခဲ့တာကြောင့် ဒီဆုကို မပေးဘဲ ဆိုင်းငံထားခဲ့ရပါတယ်။
ဒါပေမဲ့ ဒီအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ နိုဘယ်ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ယုံကြည်မှု ပြန်ရလာအပြီး မနှစ်ကတော့ ၂၀၁၉ မှာတော့ စာပေနိုဘယ်ဆုဆွတ်ခူးသူ ၂ ဦးကို ကြေညာနိုင်ခဲ့ပါတယ်။
ဒါကြောင့် ၂၀၁၈ ခုနှစ် စာပေနိုဘယ်ဆုကို ပိုလန်က Olga Tokarczuk နဲ့ ၂၀၁၉ ဆုကို Austria က Peter Handke တို့ကို ပေးအပ်ခဲ့ပါတယ်။
Your browser doesn’t support HTML5
အမေရိကန် ကဗျာဆရာ Louise Glück စာပေဆိုင်ရာနိုဘယ်ဆုရ
[Unicode Version]