ဒေါ်စုနဲ့ တွေ့ခွင့်မရရင် မြန်မာပြည်ထပ်သွားမည်မဟုတ် (ကုလအထူးကိုယ်စားလှယ်)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer

ဒေါ်စုနဲ့ တွေ့ခွင့်မရရင် မြန်မာပြည်ထပ်သွားမည်မဟုတ် (ကုလအထူးကိုယ်စားလှယ်)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရဘူးဆိုရင် မြန်မာနိုင်ငံကို နောက်တခေါက် မသွားတော့ဘူးလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့လထဲက မြန်မာနိုင်ငံကိုသွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံခွင့်တောင်းတဲ့အပေါ် ဖြစ်နိုင်ခြေရှိတဲ့ သဘောမျိုး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က တုံ့ပြန်ခဲ့ကြောင်းနဲ့ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ထပ်မံချမှတ်တဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer က စင်္ကာပူနိုင်ငံမှာ ISEAS အရှေ့တောင်အာရှ လေ့လာရေးဌာနက ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တနင်္လာနေ့က ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ စွပ်စွဲချက် အများအပြားနဲ့ စစ်အာဏာပိုင်တွေ အရေးယူထားပြီး အခုအချိန်အထိ ပြစ်ဒဏ်စီရင်ပြီးတဲ့ အမှုတွေအတွက် ထောင်ဒဏ်စုစုပေါင်း နှစ် ၂၀ ရှိသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လထဲ စစ်ကောင်စီအကြီးအကဲ အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေကို သတင်းစကားပါးဖို့နဲ့ ပဋိပက္ခတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးရေး ခိုင်မာတဲ့ ခြေလှမ်းတွေလှမ်းနိုင်အောင် အဆိုပြုဖိုဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုဟာ တရားဝင်မှုကို အသိအမှတ်ပြုဖို့ မဟုတ်ကြောင်း အထူးကိုယ်စားလှယ်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာစစ်ကောင်စီကတော့ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ဟာ တဖက်သတ်ဆန်ပြီး နိုင်ငံတကာနဲ့ ပြည်သူတွေကြား အထင်အမြင် လွဲမှားစရာဖြစ်ခဲ့ရတယ်ဆိုပြီး တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို စာမျက်နှာ ၂၈ မျက်နှာနဲ့ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။ အထူးကိုယ်စားလှယ် Heyzer ရဲ့ တနင်္လာနေ့က ဆွေးနွေးမှုတွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ မတည်မငြိမ် အခြေအနေတွေကြောင့် နေရပ်စွန့်ခွာသူတွေ များပြားလာနေတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

Noeleen UN Envoy ZMK.mp3

.............................................................


{{Zawgyi/Unicode}}



