မြောက်ကိုရီးယားတာဝေးပစ်ဒုံးစခန်းမှာ စမ်းသပ်မှုလုပ်

တောင်ကိုရီးယားတွင် ပြသထားသည့် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ဓာတ်ပုံ ကြည့်ရှုနေသူများ။ (ဒီဇင်ဘာ ၁၃၊ ၂၀၁၉)

(Zawgyi / Unicode)

မြောက်ကိုရီးယားနိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယား ကာကွယ်ရေး အစီအစဉ်အဖြစ်နဲ့ Sohae ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ အလွန်အရေးကြီးတဲ့ စမ်းသပ်ပစ်လွှတ်မှုတခု ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဒီကနေ့ပြောပါတယ်။

အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ ဒီနှစ်ကုန်ပြန်စဖို့ သူ့ဘက်ကပေးထားတဲ့ သတ်မှတ်ရက်ရောက်ဖု့ိ သီတင်းပတ်လောက် အလိုမှာပဲ မြောက်ကိုရီးယားက သတိပေးတဲ့အနေနဲ့ ခုလို စမ်းသပ်ခဲ့တာဖြစ်သလို သူ့ရဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ နျူကလီးယား စမ်းသပ်မှုတွေ ပြန်လုပ်မယ်လို့လည်း ခြိမ်းခြောက် ပြောဆိုထားပါတယ်။

အစိုးရပိုင် KCNA သတင်းဌာနကတော့ ဒီကနေ့ ဘာကိုစမ်းသပ်ခဲ့တာလဲဆိုတာ ပြောဆိုမသွားသလို ဓာတ်ပုံတွေကိုလည်း ဖော်ပြမသွားပါဘူး။ ဒါပေမယ့် ဒီတကြိမ် စမ်းသပ်မှုကိုလည်း ပြီးခဲ့တဲ့တပတ်ကပဲ သိပ်ကိုအရေးပါတဲ့ ရော့ကက်ဒုံးအင်ဂျင်နဲ့ ဆိုင်တဲ့ စမ်းသပ်မှုတခုကို ပြုလုပ်ခဲ့တဲ့ Sohae ဂြိုလ်တုလွှတ်တင်ရေးစခန်းမှာပဲ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်စမ်းသပ်မှုပေါင်း ၁၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီးပါပြီ။ မြောက်ကိုရီးယားအနေနဲ့ တာဝေးပစ်ဒုံးကျည်ဆိုင်ရာ နည်းပညာတွေကို အသုံးပြုပြီး Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေပဲ Satellite ဂြိုလ်တုတစင်းကို အာကာသထဲ လွှတ်တင်နိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ထားပါတယ်။

---------------------------------------

(Unicode)






Your browser doesn’t support HTML5

မြောက်ကိုရီးယားအဆို အရေးကြီးတဲ့စမ်းသပ်မှု ထပ်လုပ်