အမေရိကန်ပြည်ထောင်စုနဲ့ မပြေမလည်ဖြစ်နေတဲ့ ဆက်ဆံရေးကို ပြန်ပြီး ဆန်းစစ်နေတယ်လို့ ပါကစ္စတန်နိုင်ငံက ပြောလိုက်တာ ကြောင့် ဒါဟာ အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးလိုင်းတွေ ရပ်သွားတဲ့အခြေအနေကို ဦးတည် သွားစေနိုင်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်တွေရဲ့ အကူအညီနဲ့ အာဖဂန် နစ္စတန်မှာ စစ်သွေးကြွတွေကို တိုက်ခိုက်နေတာပါ။
အကြမ်းဖက်ဝါဒကို ရန်ပုံငွေထောက်ပံ့ခြင်းဆိုင်ရာ စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းသတ်မှတ်ထားချက်အရ ပါကစ္စတန်မှာ နိုင်ငံတကာ လုပ်ငန်းအဖွဲ့တခု ချထားမယ့်ရက်မတိုင်ခင် တရက်မှာပဲ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Khurram Dastgir Khan က ဗွီအိုအေနဲ့ သီးခြားဆက်သွယ်မေးမြန်းခန်းအတွင်း အဲဒီလိုပြောသွားတာပါ။ နိုင်ငံတကာလုပ်ငန်းအဖွဲ့ ချထားရေးကိစ္စ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အစိုးရက တိုက်တွန်းထားတာဖြစ်ပြီး ဒါဟာ ပါကစ္စတန်ရဲ့ အခြေအနေမကောင်းတဲ့ စီးပွားရေးကို နောက်ထပ် ထိခိုက်နိုင်ခြေရှိပါတယ်။
အကြမ်းဖက်ဝါဒကို ရန်ပုံငွေထောက်ပံ့တာ နှိမ်နင်းရေး ထိထိရောက်ရောက်မလုပ်တဲ့ နိုင်ငံတွေကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် အခြေစိုက် ဘဏ္ဍာငွေကြေးဆိုင်ရာ အရေးယူလုပ်ဆောင်ရေး လုပ်ငန်းအဖွဲ့ FATF က မီးခိုရောင်အဆင့်ဆိုပြီး သတ်မှတ်တာမှာ ပါကစ္စတန်ကို အဲဒီစာရင်းထဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ ထည့်သွင်း သတ်မှတ်ထားတာဖြစ်ပါတယ်။
အကြမ်းဖက်ဝါဒစွဲအုပ်စုတွေကို အားပေးထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပါကစ္စတန်အစိုးရကငြင်းထားပြီး ဒါဟာ အာဖဂန်ပဋိပက္ခအဆုံးသတ်ရေး နိုင်ငံတကာလုပ်ဆောင်ချက် အောင်မြင်မှုမရတဲ့အပေါ် ပါကစ္စတန်ကို အပြစ်ဖို့ဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5