ပါကစ္စတန် မဲဆွယ်ပွဲ ဗုံးပေါက်ကွဲမှု သေဆုံးသူ ၅၆ ဦးအထိတိုး

People attend funeral of the blast victims in Bajaur

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇူလိုင် ၃၀ ရက်နေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၆ ယောက်အထိ ရှိသွားပြီလို့ ပါကစ္စတန် အစိုးရတာဝန်ရှိသူတွေက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ Khyber Pakhtunkhwa (ခိုင်ဘာ ပါထွန်ခွာ) ပြည်နယ်၊ Bajaur (ဘာဂျာ) ဒေသအတွင်းက Kher (ခရာ) မြို့မှာ ပြုလုပ်တဲ့ သဘောထားပြင်းထန်တဲ့ အစ္စလာမ်နိုင်ငံရေးနဲ့ ဆက်နွယ်မှုရှိတဲ့ ရှေးရိုးစွဲဝါဒီ Jamiat Ulema Islam-Fazl (ဂျာမတ် အယ်လ်မာ အစ္စလမ် ဖာဇီ) ပါတီရဲ့ နိုင်ငံရေးဟောပြောပွဲကို ပစ်မှတ်ထားတဲ့ အဲဒီ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ထပ်တိုးလာနိုင်တယ်လို့ အဲဒီဒေသဆိုင်ရာ လက်ထောက်ကော်မရှင်နာမင်းကြီး Anwar-ul-Haq (အန်နဝါ အာလ်ဟတ်) ကလည်း ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ကြောင်း အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန် မဲဆွယ်ပွဲ ဗုံးပေါက်ကွဲမှု သေဆုံးသူ ၅၆ ဦးအထိတိုး