စစ်ကောင်စီအပေါ် ဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ သြစတြေးလျအစိုးရစဉ်းစား 

Penny Wong

မြန်မာစစ်ကောင်စီအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ သြစတြေးလျအစိုးရက အလေးအနက် စဉ်းစားနေကြောင်း သြစတေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။  

စစ်ကောင်စီအပေါ် ဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ သြစတြေးလျအစိုးရစဉ်းစား

{{Zawgyi/Unicode}}
မြန်မာစစ်ကောင်စီအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ သြစတြေးလျအစိုးရက အလေးအနက် စဉ်းစားနေကြောင်း သြစတေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

“ပစ်မှတ်ထား အရေးယူဒဏ်ခတ်ဖို့ အခိုင်အမာ ဆွေးနွေးမှုတွေ ရှိနေပြီး၊ သြစတေးလျအစိုးရက အလေးအနက် စဉ်းစားနေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး Penny Wong က စင်္ကာပူနိုင်ငံ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန IISS ရုံးခွဲမှာကျင်းပတဲ့ အမေးအဖြေ ကဏ္ဍမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုသွားတာပါ။ စင်္ကာပူနိုင်ငံခရီးစဉ်အပြီးမှာတော့ စက်မှုအင်အားကြီးနိုင်ငံ ၂၀ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတက်ဖို့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကို ဝန်ကြီး Wong ခရီးဆက်မှာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီးပွါးရေးအကြံပေးသြစတေးလျနိုင်ငံသား Sean Turnell ကိုလည်း စစ်တပ်က ဖမ်းဆီးထားပါတယ်။ Sean Trunell ဟာ နိုင်ငံတော်လ ျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုအပါအဝင်အခြားစွဲချက်တွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်ပြီး သူ့ရဲ့အမှုကို တရားရုံးက ကြားနာရာမှာလည်း Australia သံရုံးတာဝန်ရှိသူတွေကို ကြားနာခွင့် မပေးပါဘူး။ သူ့ကို လွှတ်ပေးဖို့ Australia အစိုးရက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်း တင်ပို့ရောင်းချခွင့်နဲ့ ခရီးသွားလာခွင့်ပိတ်ပင်တာအပါအဝင်ဒဏ်ခတ်ပိတ်ဆို့မှုအတော်များများကို သြစတးလျအစိုးရက ချမှတ်ထားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

070622 Australia MMR Sanction for WEB.mp3

.......................................


{{Zawgyi/Unicode}}


