(Zawgyi / Unicode)
အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရဲက ဖမ်းဆီးစဉ် အာဖရိကန်- အမေရိကန် လူမည်းအမျိုးသားတဦး သေဆုံးသွားတဲ့ ဖြစ်ရပ်ကြောင့် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေချိန်မှာ အခင်းစတင်ဖြစ်ပွားတဲ့ Minneapolis မြို့က မြန်မာ-အမေရိကန် အသိုင်းအဝိုင်းကြားမှာလည်း စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
Minneapolis မြို့မှာ ရဲတွေက ဖမ်းဆီးစဉ် အာဖရိကန်-အမေရိကန် George Floyd သေဆုံးသွားတာကြောင့် အဲဒီမြို့မှာ မီးရှို့ အကြမ်းဖက်တဲ့အထိ ဆန္ဒပြပွဲတွေ ပေါ်လာတာဖြစ်တယ်လို့ Minneapolis မြို့ အခင်းဖြစ်ပွားတဲ့အရပ်နဲ့ သိပ်မဝေးတဲ့ နေရာမှာနေတဲ့ ဦးဇော်ဝင်းမောင်က ဗွီအိုအေကို ပြောပါတယ်။
“Chauvin ကိုတော့ မနေ့ညက ဖမ်းလိုက်ပြီ။ ကျန်တဲ့ ရဲ ၃ ယောက်ကို သူတို့က မကျေနပ်သေးဘူး။ အဲဒီ ကျန်တဲ့ ၃ ယောက်ကိုပါ ဖမ်းမှ၊ အမှုစွဲချက်တင်မှ သူတို့က ကျေနပ်ချင်တာ။ အထူးသဖြင့် အမည်းတွေနဲ့ တချို့ လူ့အခွင့်အရေး အဖွဲ့တွေက သူတို့ကို အမှုစွဲဖို့ပေါ့။ အဲဒီတော့ ရဲက သူ့တာဝန် သူလုပ်တဲ့အခါမှာ မှားချင်လည်း မှားလိမ့်မယ်။ လက်လွန်သွားတာလည်း ပါချင်ပါလိမ့်မယ်။ သို့သော် မှားတယ် မှန်တယ်ဆိုတာ တရားရုံးကပဲ ဆုံးဖြတ်လိမ့်မယ်။ သူတို့ ဆန္ဒပြတာတွေက လူနည်းစုအရေးအတွက် ဆိုပြီးတော့ ရှေ့ပိုင်းမှာ လိုက်ကြတယ်။ နောက်ပိုင်းကျတော့ ခိုးတာ လုတာ ကြမ်းတာတွေ တွေ့တော့ တချို့က ပြန်ရှောင်နေလိုက်တယ်၊ မလုပ်တော့ဘူး။”
George Floyd သေဆုံးမှုအတွက် သူ့ကို ဖမ်းဆီးတဲ့အထဲမှာပါတဲ့ လူဖြူရဲအရာရှိ Derek Chauvin ကိုတော့ ရာထူးကဖယ်ရှားပြီး ဖမ်းဆီးထားလိုက်ပြီ ဖြစ်ပါတယ်။
SEE ALSO: လူမည်းအမျိုးသား George Floyd သေဆုံးရမှုအပေါ် အမေရိကန်တဝန်း ဆန္ဒပြMinneapolis မြို့မှာ ကုန်စုံဆိုင် အတော်များများ ပိတ်ထားပြီး သောကြာနေ့ ညပိုင်းကတည်းက ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားတယ်လို့ Minneapolis မြို့ခံ ဒေါ်မွှေးသူဇာက ပြောပါတယ်။
“မြို့ကတော့ လောလောဆယ်မှာ ဒီတိုင်း သွားလာနေကြတာပေါ့နော်။ ဒါပေမယ့် တချို့ကုန်စုံဆိုင်တွေ ဘာတွေဆို အားလုံး ညနေ ၇ နာရီဆို ပိတ်ပြီ။ မီးရှို့ထားတဲ့ နေရာတွေလည်း မနက်ကထိ လောင်တုန်းပဲ။ သောကြာ မနေ့ကတည်းက ကာဖျူးအမိန့် ထုတ်တယ်။ ဒါပေမယ့် ဒီနေ့ည ၈ နာရီဆို လုံးဝ ထွက်လို့မရတော့ဘူး။ ဒီမှာ ဓာတ်ဆီဆိုင်တွေ ဘာတွေကို မီးရှို့လိုက်ရင် ဘယ်လိုမှ ပြေးလို့ မလွယ်ဘူးလေ။ အဲလို မီးရှို့တာတို့ ဘာတို့ ဖြစ်လာရင်ပေါ့။ အားလုံး ဒုက္ခရောက်မှာပေါ့။”
Minneapolis မြို့က မြန်မာအသိုင်းအဝိုင်းကတော့ အခုလို ဆန္ဒပြပွဲတွေမှာ ပါဝင်တာ မကြားမိဘူးလို့ ဦးဇော်ဝင်းမောင်က ပြောပါတယ်။
“မြန်မာအသိုင်းအဝိုင်းကတော့ ဖြစ်ကတည်းကိုက အင်တာနက်က တင်သလောက်၊ TV က ပြသလောက်၊ ဖုန်းဆက်လို့ ရသလောက်တွေ၊ အဲလောက်ပဲပေါ့လေ။ နဂိုကမှ ကိုယ်တွေက ခိုကိုးရာမဲ့ ဒုက္ခသည်တွေဆိုတော့ အခုလို ပြဿနာဖြစ်လာလို့ ရှိရင်လည်း ကိုယ်က လူနည်းစုထဲမှာမှ အနည်းဆုံးအစုထဲမှာ ကိုယ့်ကိုကာကွယ်မယ့်သူက သိပ်ရှိတာ မဟုတ်ဘူး။ အဲဒီတော့ လူတွေက သိပ်ပြီးတော့ ဒီလို အရှုပ်အရှင်းထဲမှာ ကျနော်သိသလောက်တော့ မပါကြတာများတယ်။”
ဒီလို မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားလုံခြုံရေး ပြည်စောင့်တပ်ဖွဲ့ဝင် အင်အား ထောင်ဂဏန်းကို Minnesota ပြည်နယ်မှာ ဖြန့်ချထားတဲ့အပေါ် သဘောထား ကွဲလွဲမှုတွေလည်း ထွက်ပေါ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ဦးဇော်ဝင်းမောင်က အခုလိုပြောပါတယ်။
“တချို့ကလည်း စစ်တပ်ဆိုတာ ပြည်ပမှာပဲ လုပ်ရမယ်၊ ပြည်တွင်းမှာ မဆိုင်ဘူးလို့ ဝေဖန်တဲ့လူတွေ ရှိတယ်။ ဒါပေမယ့် အခြေအနေပေါ် မူတည်ပြီးတော့ ဖြစ်လာရတဲ့ အတွက်ကြောင့်မိ့ု National Guard တွေကို သုံးကိုသုံးရမယ် ဆိုတာမျိုး၊ ဖက်ဒရယ်အဖွဲ့တွေလည်း သုံးချင်သုံးရမယ် ဆိုတာမျိုး ဆိုတဲ့ဟာကို လူတွေက လက်ခံလာကြတယ်။ အဲလို လက်ခံလာတဲ့အခါမှာ ပြည်သူတွေဟာ ဒီညတော့ ဘယ်သူဖြစ်ဖြစ်ပေါ့လေ ဘယ်သူမှ ထွက်မှာ မဟုတ်တော့ဘူး။”
စနေနေ့မှာလည်း အမေရိကန်ရဲ့ မြို့ကြီး အတော်များများမှာ Floyd နောက်ဆုံး သေဆုံးသွားတဲ့ပုံစံမျိုး လမ်းမတွေပေါ် တုံးလုံးလှဲရင်း ဆန္ဒပြခဲ့ကြပါတယ်။ Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကတော့ အခြေအနေကို အမြန်ဆုံးထိန်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ စနေနေ့ သတင်းစာရှင်းပွဲမှာ ပြောဆိုသွားပါတယ်။
Your browser doesn’t support HTML5
--------------------------------
(Unicode)
SEE ALSO: Minneapolis မြို့မှာ ညမထွက်ရအမိန့် အန်တုပြီး ၄ ညဆက်တိုက် ဆန္ဒပြMinneapolis မွို့က မွနျမာအသိုငျးအဝိုငျးကတော့ အခုလို ဆန်ဒပွပှဲတှမှော ပါဝငျတာ မကွားမိဘူးလို့ ဦးဇောျဝငျးမောငျက ပွောပါတယျ။