သမ္မတ Putin နဲ့နီးစပ်တဲ့ စီးပွားရေးအသိုင်းအဝိုင်း အပေါ် EU ဒဏ်ခတ်မှု တိုးမြှင့်မည်

  • ဗွီအိုအေမြန်မာပိုင်း

Russian President Vladimir Putin speaks during his annual end-of-year news conference in Moscow, Russia, December 14, 2017. REUTERS/Sergei Karpukhin

ယူကရိန်းအပေါ် ကျုးကျော်မှုအတွက် ရုရှားသမ္မတ Vladimir Putin နဲ့ နီးစပ်တဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ စီးပွားရေးသမားတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေကို တတိယအကြိမ် ထပ်မံတိုးမြှင့်ဖို့ ဥရောပသမဂ္ဂ (EU) က သဘောတူလိုက်ပါတယ်။

သမ္မတ Putin နဲ့နီးစပ်တဲ့ စီးပွားရေးအသိုင်းအဝိုင်း အပေါ် EU ဒဏ်ခတ်မှု တိုးမြှင့်မည်

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ကျုးကျော်မှုအတွက် ရုရှားသမ္မတ Vladimir Putin နဲ့ နီးစပ်တဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ စီးပွားရေးသမားတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေကို တတိယအကြိမ် ထပ်မံတိုးမြှင့်ဖို့ ဥရောပသမဂ္ဂ (EU) က သဘောတူလိုက်ပါတယ်။ ဥရောပကောင်စီရဲ့ လက်ရှိဥက္ကဋ္ဌ ပြင်သစ်နိုင်ငံက ဗုဒ္ဓဟူးနေ့ Twitter ကနေ သတင်းထုတ်ပြန်ရာမှာ ယူကရိန်းအပေါ် ကျုးကျော်မှုနဲ့ ပါဝင်ပတ်သက်တဲ့ ရုရှားခေါင်းဆောင်တွေ၊ စီးပွားရေးသမားကြီးတွေ၊ မိသားစုဝင်တွေကို ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေ ချမှတ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ဖေဖော်ဝါရီလ ၂၄ ရက်၊ ယူကရိန်းအပေါ် ကျုးကျော်မှုစခဲ့ချိန်ကစလို့ အပြင်းထန်ဆုံးဖြစ်တဲ့ တတိယအကြိမ် အရေးယူဒဏ်ခတ်မှုတွေမှာ EU ထဲက ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့၊ ရုရှားအစိုးရ မီဒီယာတွေကို တားမြစ်ဖို့တွေလည်း ပါဝင်ပါတယ်။

ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တဲ့ အစီအစဉ်မှာ ရေကြောင်းလုပ်ငန်းနဲ့ ဘဲလာရုစ်နိုင်ငံက ဘဏ် ၃ ခုကို နိုင်ငံတကာ ငွေပေးချေရေးစနစ်ကနေ ထုတ်ဖို့တွေအပြင် ရုရှားကိုရောင်းချခွင့် တားမြစ်လိုက်တဲ့ နည်းပညာတွေ ကုန်ပစ္စည်းတွေ စာရင်းအသေးစိတ် ပါဝင်ကြောင်းလည်း ဥရောပကောင်စီ ဥက္ကဋ္ဌ ပြင်သစ်နိုင်ငံက ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယား ဒေသကို သိမ်းပိုက်ခဲ့တာ၊ ရုရှားကခွဲထွက်ကြောင်း ကြေညာထားတဲ့ ယူကရိန်း အရှေ့ပိုင်းက Luhansk နဲ့ Donetsk ဒေသတွေကို အသိအမှတ်ပြုခဲ့တာ၊ အခုနောက်ဆုံး ယူကရိန်းကို ကျုးကျော်ခဲ့တာတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ EU က ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တဲ့ လူပုဂ္ဂိုဟ် စုစုပေါင်း အခုဆိုရင် ၆၈၀ အထိ ရှိနေပြီး၊ အဖွဲ့အစည်းနဲ့လုပ်ငန်းပေါင်း ၅၃ ခု အထိ ရှိသွားပါပြီ။

Your browser doesn’t support HTML5

သမ္မတ Purtin နဲ့နီးစပ်တဲ့ စီးပွားရေးအသိုင်းအဝိုင်း အပေါ် EU ဒဏ်ခတ်မှု တိုးမြှင့်မည်

..................................................


{{Unicode}}


