ဗြိတိန်ဘုရင်မကြီး ဈာပန သမ္မတ Biden တက်ရောက်မည်

Biden

ဗြိတိန်ဘုရင်မကြီး Queen Elizabeth ရဲ့ ဈာပန အခမ်းအနားကို  အမေရိကန် သမ္မတ Joe Biden က တက်ရောက်မယ်လို့ အတည်ပြုလိုက်ပါတယ်။

ဗြိတိန်ဘုရင်မကြီး ဈာပန သမ္မတ Biden တက်ရောက်မည်

{{Zawgyi/Unicode}}
ဗြိတိန်ဘုရင်မကြီး Queen Elizabeth ရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ Joe Biden က တက်ရောက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ " အသေးစိတ်ကိုတော့ ကျနော်မသိရသေးပေမယ့် ကျနော် တက်ရောက်မှာ ဖြစ်ပါတယ် " လို့ Joe Biden က သတင်းသမားတွေကို ပြောပါတယ်။ သူအနေနဲ့တော့ တတိယမြောက် Charles III ဘုရင်နဲ့တော့ စကားမပြေားရသေးပါဘူးလို့လည်း ပြောပါတယ်။ Ohio ပြည်နယ် Columbus နိုင်ငံတကာ လေဆိပ်မှာ Air Force One လေယာဉ်ပေါ်ကို မတက်ခင်လေးမှာ သတင်းသမားတွေကို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဈာပန ကျင်းပမဲ့ ရက်ကို အတိအကျ အတည်မပြုရသေးပေမဲ့လည်း ဒီလ စက်တင်ဘာ ၁၉ ရက်နေ့မှာ London မြို့တော်က Westminster Abbey မှာ ပြုလုပ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း သမ္မတ Biden နဲ့ သမ္မတကတော် Jill Biden တို့ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ ဗြိတိန် သံရုံးကို သွားရောက်ပြီး ဝမ်းနည်းကြောင်း ရေးသားတဲ့ စာအုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ သူတို့ကို အမေရိကန် နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး က ကြိုဆိုပါတယ်။

ဒါအပြင် ဗြိတိန်ဘုရင်မကြီး ရုပ်ကလပ် ကို သဂြိုလ်ပြီးတဲ့အထိ အမေရိကန် အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တိုင်ဝက်လွှင့်ထူကြဖို့လည်း သမ္မတ Joe Biden က အမိန့်ပေးလိုက်ပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်ဘုရင်မကြီး ဈာပန သမ္မတ Biden တက်ရောက်မည်

.................................................


{{Zawgyi/Unicode}}


