Reuters သတင်းထောက် နှစ်ဦးလွတ်မြောက်ရေးလှုပ်ရှားမှု အမေရိကန်မှာစတင်

Walone on the court hearing denied bails for two detained Reuters journalists.

ရခိုင်ပြည်နယ် ပဋိပက္ခ အကြောင်းသတင်းယူမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက် ၂ ဦး ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်တရားရုံး တရုံးကနေ အာမခံပေးဖို့ ငြင်းပယ် လိုက်ပြီးနောက် ဒီကနေ့ အင်္ဂါနေ့ တရားရုံးမှာ ထပ်မံစစ်ဆေးမှာ ဖြစ်ပါတယ်။

သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဒါမှမဟုတ် ဖမ်းဆီးခံရတဲ့ အကြောင်းအချက်တွေ သတင်းထုတ်ပြန်ဖို့ အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မကြာသေးခင်က တောင်းဆိုခဲ့သလို နယူးယောက်မှာရှိတဲ့ ကိုလံဘီယာ တက္ကသိုလ်ရဲ့ သတင်းမီဒီယာ ကောလိပ်က ကျောင်းသားတွေ နဲ့ သတင်းသမားများ ကာကွယ်စောင့်ရှောက်အဖွဲ့ CPJ တို့ကလည်း သူတို့ လွတ်မြောက်ရေးအတွက် တောင်းဆိုလိုက်ပြီး သူတို့ထံပေးပို့မယ့် စာအုပ်တွေနဲ့ အမှာစကားတွေ ကိုစုဆောင်းနေပါတယ်။

သတင်းထောက်တွေဖြစ်ကြတဲ့ ကို ဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးစလုံးဟာ စာဖတ်ဝါသနာပါသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ အလားတူ ပူလစ်ဇာ ဆုရှင် ၅၀ တို့ကလည်း သတင်းသမားတွေကို ဖမ်းဆီးမှုပြုလုပ်တာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ခိုက်တာဖြစ်ကြောင်းနဲ့ သတင်းသမားတွေကို ပြန်လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Your browser doesn’t support HTML5

Reuters သတင်းထောက် နှစ်ဦးလွတ်မြောက်ရေးလှုပ်ရှားမှု အမေရိကန်မှာစတင်