ယူကရိန်းအချုပ်အခြာ လေးစားဖို့ ဗီယက်နမ်ကို အမေရိကန်တိုက်တွန်း

ရုရှားသမ္မတနဲ့ ဗီယက်နမ်သမ္မတတို့တွေ့ဆုံနေစဉ် (ဇွန် ၂၀၊ ၂၀၂၄)

ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်နက်ကို ထောက်ခံဖို့ ဗီယက်နမ်နိုင်ငံကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းကို ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားသမ္မတ Vladimir Putin ဗီယက်နမ်နိုင်ငံကို တရက်ခရီး သွားရောက်ခဲ့ပြီးနောက်မှာ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Matthew Miller က ကြာသပတေးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်၊ ရုရှားဆက်ဆံရေးအပေါ် အမေရိကန်သဘောထားနဲ့ပတ်သက်လို့ VOA ကမေးမြန်းခဲ့တာပါ။ ရုရှားအစိုးရနဲ့ အဆက်အဆံလုပ်တဲ့ နိုင်ငံမှန်သမျှအနေနဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်အပါအဝင် ကုလသမဂ္ဂက ပဋိညာဥ်မှာ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေကို လေးစားလိုက်နာတယ်ဆိုတာ ပြသဖို့ အမေရိကန်အနေနဲ့ မျှော်လင့်တယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Matthew Miller က တုံ့ပြန်ခဲ့ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်နဲ့ ဗီယက်နမ် ၂ နိုင်ငံအပြန်အလှန်ဆက်ဆံရေး တိုးမြှင့်ထားတာကို ပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းသံတမန်တဦး Hanoi မြို့ကို သွားရောက်နေပါတယ်။ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink ရဲ့ခရီးစဉ်ဟာ ရုရှားသမ္မတ ဗီယက်နမ်ကို မသွားခင် ဟိုးအရင်ကတည်းက စီစဉ်ထားတဲ့ ခရီးစဉ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းအချုပ်အခြာ လေးစားဖို့ ဗီယက်နမ်ကို အမေရိကန်တိုက်တွန်း