သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းမှု တောင်ကိုရီးယားကန့်ကွက်


ရုရှားသမ္မတ Putin နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ တွေ့ဆုံခဲ့ (ဇွန် ၁၉၊ ၂၀၂၄)
ရုရှားသမ္မတ Putin နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ တွေ့ဆုံခဲ့ (ဇွန် ၁၉၊ ၂၀၂၄)

ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ကူညီဖို့ ရုရှားနဲ့ မြောက်ကိုရီးယားကြား သဘောတူစာချုပ်ခဲ့တာကို တောင်ကိုရီးယားက ကန့်ကွက်တဲ့အနေနဲ့ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။ တောင်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ်ကြီး Georgy Zinoviev ကို တောင်ကိုရီယား ဒုနိုင်ငံခြားရေးဝန်ကြီး Kim Hong Kyun ကို ဆင့်ခေါ်တွေ့ဆုံပြီး ရုရှားနဲ့ မြောက်ကိုရီးယားကြား သဘောတူစာချုပ်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ကူညီပံ့ပိုးရာရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်ကြောင်း၊ တောင်ကိုရီးယားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်နေသလို တောင်ကိုရီးယားနဲ့ ရုရှားကြားဆက်ဆံရေး ထိခိုက်လာနိုင်တဲ့ အကြောင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ရုရှားသံအမတ်ကြီးကို ပြောကြားခဲ့ပါတယ်။

အခုလို တောင်ကိုရီးယားရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ အထက်အရာရှိတွေကို တင်ပြပေးသွားမယ်လို့ တုံ့ပြန်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ မြောက်ကိုရီယားကို ၂၄ နှစ်အတွင်း ရုရှားခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံးသွားတဲ့ သမ္မတ Vladimir Putin ရဲ့ ခရီးစဉ်အတွင်း လုံခြုံရေးအပါအဝင် ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ သမ္မတ Putin နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ရုရှား မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းမှု တောင်ကိုရီးယားကန့်ကွက်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG