သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ မြောက်ကိုရီးယား ကာကွယ်ရေးစာချုပ်ချုပ်ဆို


မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်မှာ နှစ်နိုင်ငံ မဟာဗျူဟာမြောက်စာချုပ်လက်မှတ်ရေးထိုးပွဲအပြီးတွေ့ရတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဝဲ)နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (ယာ) ဇွန် ၁၉၊ ၂၀၂၄
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်မှာ နှစ်နိုင်ငံ မဟာဗျူဟာမြောက်စာချုပ်လက်မှတ်ရေးထိုးပွဲအပြီးတွေ့ရတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဝဲ)နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (ယာ) ဇွန် ၁၉၊ ၂၀၂၄

ရုရှားနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ပံ့ပိုးကူညီမယ့် သဘောတူစာချုပ်ကို ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျွန်အွန်းတို့လက်မှတ်ထိုးခဲ့ကြပါတယ်။ ၂ နိုင်ငံကြား မဟာမိတ်ဆက်ဆံရေးနောက်အဆင့်ကို တက်သွားကြောင်း ပြသတာဖြစ်တယ်လို့ ပြုံယမ်းမြို့တော်ကို ၂၄ နှစ်အတွင်း ပထမဆုံးရောက်လာတဲ့ ရုရှားသမ္မတနဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ ကင်ဂျွန်အွန်းကခုလိုပြောကြားခဲ့ပါတယ်။

၂ နိုင်ငံကြား အလုံးစုံပါဝင်တဲ့ မဟာဗျူဟာမြောက်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအပါအဝင် နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့နိုင်မှာဖြစ်ပါတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျွန်အွန်းကပြောကြားခဲ့တာပါ။ ၂ နိုင်ငံ မဟာမိတ်ဆက်ဆံရေး အဆင့်သစ်တခုကို တိုးမြှင့်နိုင်ခဲ့တာဖြစ်တယ်လို့ ရှားရှားပါးပါး ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားတာပါ။ အမေရိကန်အစိုးရနဲ့ ထိပ်တိုက်တွေ့မှုတွေ တိုးလာနေချိန် အမေရိကန်ဦးဆောင်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ကျော်လွှားနိုင်ဖို့ ၂ နိုင်ငံကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့အတွက်လို့ ဆိုပြီး ရုရှားသမ္မတပူတင် ဒီနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ရောက်လာခဲ့တာပါ။ ယူကရိန်းအရေးကိစ္စအပါအဝင် ရုရှားရဲ့ မူဝါဒတွေကို အစဉ်တစိုက် မပြောင်းလဲဘဲ ထောက်ခံ ပေးနေတဲ့အတွက် မြောက်ကိုရီးယားကို အထူးကျေးဇူးတင်တယ်လို့လည်း သမ္မတပူတင်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်နေတဲ့ စစ်ပွဲအတွက် ရုရှားကို မြောက်ကိုရီးယားက လက်နက်တွေ ရောင်းချနေတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရတို့က စိုးရိမ်ကြောင်း ပြောကြားနေချိန်မှာ သမ္မတပူတင် မြောက်ကိုရီးယားသွားတာြဖစ်ပါတယ်။ နိုင်ငံတကာရဲ့ ဖယ်ကျဉ် ပိတ်ဆို့မှုတွေခံနေရတဲ့ ရုရှားနဲ့ မြောက်ကိုရီးယားကြား အပြန်အလှန် ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ သဘောထားကြပုံရတယ်လို့ ဒေသတွင်းလေ့လာသူတွေက သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG