Salman Rushdie ကိုဓားထိုးမှု ကန့်ကွက်တဲ့ Harry Potter စာရေးဆရာမ ခြိမ်းခြောက်ခံရ
{{Zawgyi/Unicode}}
စာရေးဆရာ Salman Rushdie ကို ဓားနဲ့ထိုးတိုက်ခိုက်တာ ကန့်ကွက်ရှုတ်ချကြောင်း စာရေးဆရာမ JK Rowling က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီးနောက် သူမကို အွန်လိုင်းကနေ ခြိမ်းခြောက်တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းနေကြောင်း စကော့တလန် ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Harry Potter ဖန်တီးရှင် စာရေးဆရာမ JK Rowling က စာရေးဆရာ Rushdie ရဲ့ သတင်းကို ကြားရပြီး အင်မတန် စိတ်မသက်မသာ ဖြစ်ရကြောင်းနဲ့ စာရေးဆရာ Rushdie အဆင်ပြေဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။ ဒီပြောဆိုချက်ကို တွစ်တာမှာ ပြန်ပြီး ရေးသားသူ တဦးက မစိုးရိမ်ပါနဲ့ နောက်တခါ ခင်ဗျားအလှည့်ပါလို့ ရေးသားခဲ့တာပါ။ အဲဒီလို တွစ်တာပေါ်က ခြိမ်းခြောက် ရေးသားချက် screenshot ကို မျှဝေခဲ့ကြတာမှာ စာရေးဆရာမ Rowling က သူမကို အားပေးပံ့ပိုး စာတွေ ပေးပို့ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း ရဲတပ်ဖွဲ့ကလည်း ကိုင်တွယ် ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါတယ်။
အွန်လိုင်းပေါ်က ခြိမ်ခြောက်မှု အစီရင်ခံချက် ရရှိထားပြီး စုံစမ်းနေကြောင်း စကော့တလန် ရဲတပ်ဖွဲ့ ပြောခွင့်ရ အမျိုးသမီး တဦးကလည်း ပြောဆိုထားပါတယ်။
အသက် ၇၅ နှစ် အရွယ် စာရေးဆရာ Rushdie ဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နယူးယောက်မှာ အနုပညာ ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဟောပြောဖို့ ပြင်ဆင်နေချိန်မှာ အမျိုးသား တဦးက စင်ပေါ်ကို တက်ပြီး အိန္ဒိယနိုင်ငံဖွား စာရေးဆရာ Rushdie ကို ဓားနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က သူရေးသားခဲ့တဲ့ The Satanic Verses ဆိုတဲ့ စာအုပ်ကြောင့် သူ့ကို သတ်ဖြတ်ကြဖို့ အီရန်က မွတ်ဆလင်တွေကို တိုက်တွန်းခဲ့ပြီး သူ့ကို သတ်ဖြတ်ဖို့ အတွက် ဆုငွေ ထုတ်ခံထားရသူလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
Salman Rushdie ကိုဓားထိုးမှု ကန့်ကွက်တဲ့ Harry Potter စာရေးဆရာမ ခြိမ်းခြောက်ခံရ
..............................................
{{Zawgyi/Unicode}}