ဆော်ဒီမှာ အမျိုးသမီးတွေ ကားမောင်းခွင့်ရပြီ

ဆော်ဒီ အာရေးဘီးယားနိုင်ငံမှာ အမျိုးသမီးတွေ ယာဉ်မောင်းခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ကန့်သတ်ထားတာ ရုပ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် ဆော်ဒီစံတော်ချိန် တနင်္ဂနွေညသန်းခေါင်ကစပြီး အမျိုးသမီးတွေ ယာဉ်မောင်းခွင့် ရသွားပါပြီ။

အခုလို ယာဉ်မောင်းခွင့် ပိတ်ပင်ထားတာကို ရုပ်သိမ်းလိုက်တာနဲ့အတူ အမျိုးသမီးတွေအတွက် ယာဉ်မောင်း အလုပ်အကိုင် အခွင့်အလန်းလည်း ပွင့်လာပါတယ်။

အဲဒီယာဉ်မောင်းအလုပ်ဟာ ဆော်ဒီမှာ အမျိုးသားတွေသာ လုပ်ခွင့်ရတဲ့အလုပ် ဖြစ်တဲ့အပြင် မကြာသေးခင်ကာလကအထိ ဆော်ဒီအမျိုးသား အများအပြားက ယာဉ်မောင်းအလုပ်ကို လုပ်ကြတာမဟုတ်ပါဘူး။ ဒီအလုပ်ဟာ အထူးသဖြင့် ဝင်ငွေနိမ့်နိုင်ငံ တွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလာဒေ့ရှ်က အမျိုးသားတွေလို နိုင်ငံခြားသားတွေလုပ်တဲ့ အလုပ်အဖြစ် လုံးဝ သတ်မှတ် ထားကြတာပါ။

အခုတော့ Uber အငှားယာဉ်လုပ်ငန်းလိုမျိုးတွေမှာ အလုပ်လုပ်ချင်တဲ့ ဆော်ဒီအမျိုးသမီး အများအပြား ထွက်လာပြီဖြစ်ပေမဲ့လည်း အစဉ်အလာအရ အမျိုးသားတွေ လွှမ်းမိုး ကြီးစိုးထားတဲ့တိုင်းပြည်မှာ ဒီအပြောင်းအလဲက ချက်ခြင်း အလွယ်တကူတော့ ဖြစ်လာ မှာမဟုတ်ပါဘူး။

ယာဉ်မောင်းအလုပ်ကို လုပ်ချင်ကြတဲ့ အမျိုးသမီးတွေအတွက်ကတော့ ဒါဟာ ဝင်ငွေရပြီးတော့ ငွေကြေးအရ သူများအပေါ် မှီခိုမှု ရတာကနေ လွတ်လပ်မှုရစေမယ့် နောက်ထပ် အခွင့်အလန်းတခုပဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆော်ဒီမှာ အမျိုးသမီးတွေ ကားမောင်းခွင့်ရပြီ