သုံးရလွယ်ကူစေသည့် Link များ

ဆော်ဒီကို ပါကစ္စတန်တပ် စေလွှတ်ရေး လွှတ်တော်ကန့်ကွက်


ပါကစ္စတန်အစိုးရအနေနဲ့ ဆော်ဒီအာရေးဗီယားကို တပ်တွေစေလွှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် လွှတ်တော်ဖက်က ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။

ပါကစ္စတန်လွတ်တော်အမတ်တွေက ခုလို တပ်တွေလွှတ်ဖို့ အစိုးရဆုံးဖြတ်တာက ယီမင်ပဋိပက္ခထဲ ကြားနေမယ်လို့ ချမှတ်ထားတဲ့ ပါလီမန်ဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး၊ ဘက်လိုက်လုပ်ဆောင်တာဖြစ်တယ်၊ ဒီဘက်လိုက်မှုကြောင့် အီရန်နိုင်ငံဖက်က မကျေမနပ်ဖြစ်နိုင်တယ်လို့ သောကြာနေ့က ဝေဖန်လိုက်ပါတယ်။

ဆော်ဒီအာရေးဗီယား အစိုးရနဲ့ ဆယ်စုနှစ်ချီ မဟာမိတ်ဖြစ်လာတဲ့ ပါကစ္စတန်အစိုးရ တပ်မတော်အနေနဲ့တည်ဆဲနှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မူ သဘောတူညီချက်အတိုင်း သင်တန်းပေးတာနဲ့ စစ်ရေးအကြံပေးတာတွေလုပ်ဖို့ အရေးပေါ် တပ်တွေစေလွှတ်မယ်လို့ ကြာသာပတေးနေ့က ကြေညာအပြီး ခုလို ဝေဖန်ခဲ့တာပါ။

ဒါ့အပြင် ဆော်ဒီအာရေးဗီးယားမှာ ရှိနေပြီးသား တပ်တွေအပြင် အခုထပ်ပို့တဲ့ တပ်တွေအနေနဲ့ ဆော်ဒီအာရေးဗီးယားမြေပေါ်မှာပဲ အခြေချ လုပ်ဆောင်မှာဖြစ်တယ်လို့ ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီထပ်ပို့တဲ့ တပ်အင်အားက အင်အား တစ်သောင်းခန့်ရှိတဲ့ တပ်မထက်တော့ နဲမှာပါလို့ ပါကစ္စတန်ကြည်းတပ် ပြောခွင့်ရက ပြောထားပါတယ်။

၂၀၁၅ ခုနှစ် ယီမင်ပဋိပက္ခတွေ စဖြစ်လာကတည်းက ဆော်ဒီအာရေးဗီးယားနေနဲ့ ခုလို ပါကစ္စတန်ဖက်ကနေ တပ်တွေကူပို့ပေးဖို့ တောင်ဆိုလာခဲ့တာကြောင့် ပါကစ္စတန် တပ်သား ၁၂၀၀ ခန့်ကို ဆော်ဒီတပ်သား ၂၅၀ ၀၀၀ အတွက် သင်တန်းပေးဖို့ ပုံမှန်ချထားလာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG