သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီဦးဆောင်တဲ့ မွတ်ဆလင် စစ်ဘက်ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်း


အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး အစ္စလာမ်မစ် စစ်ဘက်ညွန့်ပေါင်းအဖွဲ့ IMCTC အစည်းအဝေးကို ရီယာ့ဒ်မြို့တွင် ကျင်းပစဉ်
အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး အစ္စလာမ်မစ် စစ်ဘက်ညွန့်ပေါင်းအဖွဲ့ IMCTC အစည်းအဝေးကို ရီယာ့ဒ်မြို့တွင် ကျင်းပစဉ်

ပါကစ္စတန်စစ်ဘက်အကြီးအကဲဟောင်းတဦးကို တပ်မှူးအဖြစ် ခန့်အပ်ထားပြီး ဆော်ဒီအာရေးဘီးယားက ဦးဆောင်တဲ့ မွတ်ဆလင် စစ်ဘက်ညွန့်ပေါင်းအဖွဲ့တဖွဲ့ကို တရားဝင် ဖွဲ့စည်းလိုက်ပါပြီ။ အဲဒီအဖွဲ့မှာပါဝင်တဲ့ နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီး တွေ တက်ရောက်တဲ့ ဖွင့်ပွဲအစည်းအဝေးကို ရီယာ့ဒ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။

အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး အစ္စလာမ်မစ် စစ်ဘက်ညွန့်ပေါင်းအဖွဲ့ IMCTC အစည်းအဝေးကို ဆော်ဒီ အိမ်ရှေ့မင်းသား လဲဖြစ်၊ ကာကွယ်ရေးဝန်ကြီးလဲဖြစ်တဲ့ Mohammed bin Salman က ဖွင့်ပေးပါတယ်။

ဆွန်နီမွတ်ဆလင်အများစုနိုင်ငံ ၄၁ နိုင်ငံရဲ့ အစ္စလာမ်ညီညွတ်ရေးညွန့်ပေါင်းအဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒနဲ့ အကြမ်း ဖက်အစွန်းရောက်ဝါဒ နှိမ်နင်းရေး တနိုင်ငံချင်းစီရဲ့ ကြိုးပမ်းချက်တွေကို ညှိနှိုင်းပေါင်းစပ်ပေးမှာဖြစ်တယ်လို့ တရားဝင် ထုတ်ပြန် ချက်တခုမှာ ဖော်ပြထားပါတယ်။

IMCTC ရဲ့ ပထမဆုံးတပ်မှူးအဖြစ် ပါကစ္စတန် စစ်ဘက်အကြီးအကဲဟောင်း Raheel Sharif ကို ခန့်ထားလိုက်တာကြောင့် ဒီ ညွန့်ပေါင်းအဖွဲ့ ဖွဲ့တဲ့ကိစ္စကို အထူးသဖြင့် ပါကစ္စတန်မှာ အဓိက ဆွေးနွေးငြင်းခုန်တာတွေ ရှိနေပါတယ်။

ဆော်ဒီဦးဆောင်တဲ့ ဒီအဖွဲ့ဖွဲ့တာကို ထောက်ခံသူတွေက ဒါကို NATO အဖွဲ့လို မွတ်ဆလင်နိုင်ငံတွေရဲ့အဖွဲ့တဖွဲ့အဖြစ် ပြောဆိုကြ ပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ကလူတွေအပါအဝင် ဝေဖန်သူတွေကတော့ အဖွဲ့ရဲ့ရည်မှန်းချက်တွေကို မေးခွန်းထုတ်နေကြပြီး ပြိုင်ဘက် ရှီးယားမွတ်ဆလင်နိုင်ငံတွေဖြစ်တဲ့ အီရန်၊ ဆီးရီးယားနဲ့ အီရတ်တို့ကို ရင်ဆိုင်ဖို့ဖွဲ့တဲ့ ဂိုဏ်းဂနအခြေခံ အဖွဲ့တဖွဲ့အဖြစ် မြင်ကြပါတယ်။

ဆော်ဒီဦးဆောင်တဲ့ မွတ်ဆလင် စစ်ဘက်ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်း
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG