သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီဘုရင် နန်းစွန့်မယ့်သတင်း မဟုတ်ကြောင်း ငြင်း


ဆော်ဒီအာရေးဘီးယားဘုရင် Salman bin Abdulaziz Al Saud
ဆော်ဒီအာရေးဘီးယားဘုရင် Salman bin Abdulaziz Al Saud

ဆော်ဒီအာရေးဘီးယားဘုရင် Salman bin Abdulaziz Al Saud ဟာ ထီးနန်းကိုစွန့်လွှတ်ပြီး သူ့ရဲ့သားဖြစ်သူ အိမ်ရှေ့မင်းသား Mohammad bin Salman ကို ထီးနန်းလွှဲပေးတော့မယ်ဆိုတဲ့သတင်း မဟုတ်တဲ့အကြောင်း ဆော်ဒီအာရေးဘီးယားက ငြင်းလိုက် ပါတယ်။

ဘုရင်ကြီး ထီးနန်းစွန့်မယ်ဆိုတာ ဘယ်လိုအကြောင်းမျိုးနဲ့မှ ဖြစ်နိုင်ခြေမရှိပါဘူးလို့ အမည်မဖော်တဲ့ ဆော်ဒီ အကြီးတန်းတာဝန် ရှိသူတဦးက Bloomberg သတင်းဌာနကိုပြောပါတယ်။ ဆော်ဒီဘုရင်တွေဟာ ကျန်းမာရေးကြောင့် သူတို့တာဝန်ကို ထမ်းဆောင် နိုင်တဲ့အခြေအနေမှာ မရှိဘူးဆိုရင်တောင်မှ ပုံမှန်အားဖြင့် အာဏာကိုဆက်ကိုင်ထားတယ်ဆိုတာ သူကထောက်ပြပါတယ်။

အသက်ရှင်နေချိန်အတွင်း ဆော်ဒီမင်းဆက်တခု ထီးနန်းစွန့်တဲ့ဖြစ်ရပ်တခုတော့ အရင်က ရှိခဲ့ဖူးပါတယ်။ ၁၉၆၀ ပြည့်လည်ပိုင်း နှစ်တွေတုန်းက ဘုရင် Saud bin Abdulaziz ဟာ အာဏာရမိသားစုဝင်တွေရဲ့ ဖိအားပေးချက်ကြောင့် သူ့ရဲ့ညီဖြစ်သူနဲ့ နန်းမွေခံ မင်းသား Faisal ကို ထီးနန်းလွှဲပေးခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ဆော်ဒီဘုရင့်နိုင်ငံ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးအကျပ် အတည်းကနေ ကျော်လွန်အောင်လုပ်ဖို့ မင်းသားဟာ အာဏာအများအပြားကို ရယူထားခဲ့ပြီးသားဖြစ်ပါတယ်။

ဘုရင် Salman ဟာ လာမယ့်နှစ်ရက်အတွင်း ဆုံးဖြတ်ချက်ချတော့မှာဖြစ်တာကြောင့် အိမ်ရှေ့မင်းသား မကြာခင် နန်းတက် တော့မယ်ဆိုပြီး အီရန်ရုပ်သံသတင်းဌာန Press TV က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ပြီးတဲ့နောက် ဘုရင် Salman ထီးနန့်စွန့် တော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာခဲ့တာပါ။ အသက် ၈၁ နှစ်အရွယ် ဘုရင် Salman ဟာ ရုပ်ပိုင်းစိတ်ပိုင်း လုံး၀ ခွန်အား ပြည့်ဝနေပြီး ထီးနန်းစွန့်ဖို့ဆိုတာ တွေးကြည့်လို့တောင်မရပါဘူးလို့ ဆော်ဒီတာဝန်ရှိသူက Bloomberg သတင်းဌာနကိုပြောပါတယ်။

ဆော်ဒီဘုရင် နန်းစွန့်မယ့်သတင်း မဟုတ်ကြောင်း ငြင်း
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG