သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြမှုအပေါ် အီရန်တော်လှန်ရေးပြည်စောင့်တပ်သဘောထားထုတ်ပြန်


G'alaba kuniga tayyorgarlik. Moskva.
G'alaba kuniga tayyorgarlik. Moskva.

အီရန်နိုင်ငံတွင်း မတည်မငြိမ်ဖြစ်မှုတွေကို အဆုံးသတ်ရေး အီရန် ပြည်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ကဏ္ဍတရပ်ကနေ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ အီရန် တော်လှန်ရေး ပြည်စောင့်တပ်က ဒီကနေ့ ကြေညာချက်ထုတ် ပြောဆိုပါတယ်။ အီရန်နိုင်ငံတွင်း မတည်မငြိမ်မှုတွေကလည်း ပြည်ပ ရန်သူတွေရဲ့ လှုံ့ဆော်မှုလို့ အီရန် တော်လှန်ရေး ပြည်စောင့်တပ်က ပြောဆိုထားပါတယ်။ အီရန် ပြည်သူတွေ၊ သိန်းနဲ့ချီတဲ့ Basij အကူတပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ထောက်လှမ်းရေး ဝန်ကြီးဌာနတို့က မတည်ငြိမ်မှု ကွင်းဆက်ကြီးကို ဖျက်စီးလိုက်ပြီ ဖြစ်ကြောင်း တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီမတည်ငြိမ်မှု ကွင်းဆက်ကြီးကို အမေရိကန်၊ ဗြိတိန်၊ အစ္စရေးလ်၊ ဆော်ဒီ တော်ဝင် မိသားစု၊ ပိတ်ပင်ထားတဲ့ Mojahedin-e-Karl အဖွဲ့၊ ဘုရင်စနစ်ကို လိုလားသူတွေက ဖန်တီးခဲ့တာလို့လည်း အီရန် တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က စခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ တနင်္ဂနွေနေ့ လွှတ်တော် အထူးအစည်းအဝေးမှာ ဆွေးနွေးမှာပါ။

ပြည်ထဲရေး ဝန်ကြီး၊ ထောက်လှမ်းရေး အကြီးအကဲ၊ လုံခြုံရေး ကောင်စီ အကြီးအကဲတို့လည်း တက်ရောက်မယ်လို့ ခန့်မှန်းရကြောင်း နိုင်ငံပိုင် ISNA သတင်းဌာနက ဖော်ပြပါတယ်။ ဆန္ဒပြပွဲတွေရဲ့ ဇစ်မြစ်၊ ဖမ်းခံထားရတဲ့ ဆန္ဒပြသူတွေ အတွက် ဥပဒေရေးရာ အကူအညီပေးရေး ဆွေးနွေးကြမှာပါ။ လွှတ်တော် အထူးအစည်းအဝေးကိုတော့ ပြုပြင်ပြောင်းလဲရေး သမား လွှတ်တော် အမတ်တွေက တောင်းဆိုခဲ့ကြတာလို့ လွတ်လပ်တဲ့ဥရောပအသံ၊ Radio Liberty RFE/RL ကဖော်ပြပါတယ်။ ဖမ်းဆီးခံထားရသူတွေ အတွက် ဥပဒေရေးရာ အထောက်အကူပေးဖို့ အဲဒီ လွှတ်တော် အမတ်တွေက တောင်းဆိုထားပြီး ဆန္ဒပြပွဲတွေမှာ ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေကို ရှုတ်ချထားတာမှာတော့ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို ပြောဆိုထားပါတယ်။

နိုင်ငံတကာနဲ့ ရရှိထားတဲ့ ၂၀၁၅ ခုနှစ် အီရန် နျူးကလီးယား သဘောတူညီချက် အရ ဆိုင်းငံ့ထားတဲ့ အီရန် အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်ပြီး လျှော့ပေါ့ပေးမလားဆိုတာကို ဒီသတင်းပတ် အတွင်းမှာဘဲ အမေရိကန် သမ္မတ Donald Trump က ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ အမေရိကန် ဥပဒေ အရ ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ပေါ့ပေးမှုကို ရက်ပေါင်း ၁၂၀ ပြည့်တိုင်း တခါပြန်ပြီး သက်တမ်းတိုးရတာပါ။ အမေရိကန် သမ္မတ Trump အနေနဲ့ လျှော့ပေါ့ပေးမှုကို သက်တမ်းတိုးမပေးဘဲ ဒဏ်ခတ်ပိတ်ဆို့မှု ပြန်ပြီး ချမှတ်နိုင်တာပါ။ ဥရောပမှာတော့ အီရန်နိုင်ငံတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ထောက်ခံတဲ့ အနေနဲ့ The Hague၊ ဘာလင်၊ ဟာမ်းဘာဂ့်၊ စတော့ခ်ဟုမ်း၊ လန်ဒန်နဲ့ ပါရီမြို့တို့မှာ လူထု စုဝေးခဲ့ကြပါတယ်။ အီရန် ဆန္ဒပြပွဲတွေ အတွင်း အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၁ ထောင်ကျော် ဖမ်းဆီးခံထားရပါတယ်။

အီရန်ဆန္ဒပြမှုအပေါ် အီရန်တော်လှန်ရေးပြည်စောင့်တပ်သဘောထားထုတ်ပြန်
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG