သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၂၀ ကျော်ပြီ


အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွါးနေတာ ၆ ရက်ရှိလာပြီ ဖြစ်ပြီး သေဆုံးသူက ၂၁ ယောက် ရှိနေပါပြီ။

အီရန်နို်င်ငံမှာ အကြမ်းဖက်တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်အောင် ရန်သူတွေက လုပ်ဆောင်နေတယ်လို့ အီရန် ဘာသာရေး ခေါင်းဆောင် က စွပ်စွဲနေချိန်မှာပဲ အမေရိကန်သမ္မတ Donald Trump က အီရန်က ဆန္ဒပြသူတွေကို အင်္ဂါနေ့မှာ ချီးကြူးလိုက်ပါတယ်။ သူတို့ဟာ အီရန်က ရက်စက်ပြီး အဂတိလိုက်စားတဲ့ အာဏာရှင်ကို ဆန့်ကျင်ကြောင်း နောက်ဆုံးမှာတော့ ပြသနေပြီလို့ ပြောပါတယ်။

အီရန်ရဲ့ နျူကလီယား လက်နက်တွေ ထုတ်လုပ်မယ့် အစီအစဉ်ကို ထိမ်းချုပ်နိုင်ဖို့ ထားရှိခဲ့တဲ့ ၂၀၁၅ နိုင်ငံတကာ သဘောတူညီချက်ရဲ့ အစိတ်အပိုင်း အဖြစ်နဲ့ အရင် သမ္မတ Barack Obama လက်ထက်က အီရန်ကို မိုက်မိုက်မဲမဲ ငွေကြေးထောက်ပံ့မှုတွေ ပေးခဲ့ ပေမယ့်ဒါဟာ အကြမ်းဖက်ဝါဒနဲ့ အီရန်အာဏာရှင်တွေရဲ့ အိတ်ထဲပဲ ရောက်ကုန် တယ်လို့ သမ္မတ Trump က သူ့တွစ်တာ မှာ ရေးပါတယ်။ အီရန် ပြည်သူတွေအတွက် ကြီးမားတဲ့ ငွေကြေးဖေါင်းပွမှုတွေ ကြားမှာ စားစရာမရှိသလောက်နဲ့ လူ့အခွင့်ရေးရပိုင်ခွင့်လည်း မရှိခဲ့ကြောင်း နဲ့ အမေရိကန် ပြည်ထောင်စုက စောင့်ကြည့်နေတယ်လို့လည်း ရေးပါတယ်။

အီရန်မှာ အာဏာရှင်က သူ့ပြည်သူတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းဘဲ အကြမ်းဖက်ဝါဒ ဖြန့်ဖြူး ရေးကိုသာ ဦးစားပေး နေတာအတွက် အာဏာရှင်အပေါ် စိတ်ကုန်နေတာဖြစ်ပြီး အီရန်လူထုက သူတို့ရဲ့စိတ်ပျက်မှုတွေကို ဖေါ်ပြနေကြတယ်လို့လည်း နိုင်ငံတော်လုံခြုံရေး အကြံပေး H.R. McMaster က VOA ကို ပြောပါတယ်။ ဒါ့အပြင် အီရန် အစိုးရဟာ သူ့ရဲ့ လုပ်ရပ်တွေ အတွက် တာဝန်ခံရမယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကလည်း လွန်ခဲ့တဲ့ ၆ ရက်တာ ကာလ အတွင်း သေဆုံးသူ ၂၁ ရှိပြီဖြစ်တဲ့ အီရန်မှာ ဖြစ်ပွါးနေတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းဝေးခေါ်ယူနိုင်အောင် အမေရိကန် ပြည်ထောင်စုက တောင်းဆိုမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သမ္မတ အိမ်ဖြူ ပြောခွင့်ရ Sarah Huckabee Sanders ကလည်း အခုဆန္ဒပြမှုတွေဟာ ရဲရင့်တဲ့ အီရန်ပြည်သူတွေ စီစဉ်တဲ့ လူထုကြား ရေပန်းစားတဲ့ ဆူပူလှုပ်ရှားမှု တခု ဖြစ်ကြောင်း ပြောပြီး အီရန်ပြည်သူတွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံ အားပေးနေကြောင်း ပြောပါတယ်။

အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၂၀ ကျော်ပြီ
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG