သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြပွဲ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ လိုအပ်သလား


အီရန်ဆန္ဒပြပွဲ
အီရန်ဆန္ဒပြပွဲ

အီရန်နိုင်ငံမှာ အစိုးရလိုလားသူနဲ့ ဆန့်ကျင်သူတွေရဲ့ အပြိုင်ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေးတရပ်ကို သောကြာနေ့ကလုပ်ပါတယ်။ အဲဒီဆန္ဒပြပွဲတွေကနေ လူ ၂၂ ယောက်သေဆုံးပြီး ၁၀၀၀ ကျော် အဖမ်းခံထားရပါတယ်။

သောကြာနေ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ပန်ကြားတာ ပါ။ ရုရှားနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေက ဒီလုပ်ရပ်အပေါ် ဝေဖန်ပြောဆိုပါတယ်။ ဆန္ဒပြပွဲတွေဟာ ပြည်တွင်းရေးကိစ္စဖြစ်ပြီး နိုင်ငံ တကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိဘူးလို့ ပြောကြပါတယ်။

အီရန်နိုင်ငံသားအားလုံးအနေနဲ့ စိုးရိမ်ကြောက်ရွံ့မှု ဒါမှမဟုတ် အကြမ်းဖက်ခံရတဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ မကြုံရဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ငြိမ်းချမ်းစွာကျင့်သုံးခွင့်ရစေရေး အီရန်အာဏာပိုင်တွေအနေနဲ့ ချက်ခြင်း လုပ်ဆောင်သင့် တယ်လို့ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး လေးဦးကပြောတာကို လုံခြုံရေးကောင်စီအစည်းအဝေးမှာ ကိုးကားပြောဆိုပါ တယ်။

အစည်းအဝေးမှာ အဖွင့်စကားတွေ ပြောပြီးတဲ့နောက် သံအမတ်ကြီး Haley က သူ့အလှည့်ကျတဲ့အခါ ဆန္ဒပြပွဲတွေဟာ ကမ္ဘာက အာရုံစိုက်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ လုံခြုံရေးကောင်စီက ကိုင်တွယ်တဲ့ကိစ္စရပ်တွေထဲမှာ လူ့အခွင့်အရေးအတွက် နေရာမရှိဘူးလို့ အဖွဲ့ဝင်နိုင်ငံတချို့က ယူဆပေမဲ့လဲ အမေရိကန်ကတော့ အဲဒါကို သဘောမတူဘူးလို့ သံအမတ်ကြီး Haley က ပြောပါတယ်။

လုံခြုံရေးကောင်စီရဲ့ဖိတ်ကြားချက်နဲ့ တက်ရောက်တဲ့ အီရန်သံအမတ်ကြီး Gholamali Khoshroo က နောက်ဆုံးမှာ စကားပြော ခွင့်ရပြီး ယီမင်နဲ့ အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေဖြစ်နေချိန် အီရန်အရေး ဒီလိုအစည်းအဝေးမျိုးလုပ်တာဟာ လုံခြုံရေးကောင်စီ ရဲ့ ဂုဏ်သိက္ခာကျဆင်းတယ်လို့ ပြောပါတယ်။

ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov ကလဲ သောကြာနေ့အစည်းအဝေးလုပ်ဖို့ အမေရိကန်က တွန်းအားပေးတာ ဟာ အီရန်ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG