ဆီရာလီယွန်း မြေပြိုမှု ၃၀၀ ထက်မနည်းသေ

ဆီရာလီယွန်း မြေပြိုမှု ၃၀၀

Sierra Leone နိုင်ငံ မြို့တော် Freetown မှာ ရေကြီး မြေပြိုတာကြောင့် သေဆုံးသူက အနည်းဆုံး ၃၀၀ လောက် အတည်ပြုထားပြီး သေဆုံးသူ ထပ်တိုးလာဦးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နာရီနဲ့ချီပြီး မိုးအကြီးအကျယ် ရွားသွန်းခဲ့ပြီးနောက် မနေ့ တနလာၤနေ့ မနက်ပိုင်းမှာ ဘေးဒုက္ခ ကျရောက်ခဲ့တာပါ။ အဆိုးရွားဆုံး ဘေးဒုက္ခ ခံစားရတဲ့ Regent ဒေသမှာတော့ လမ်းတွေက ရွံ့မြစ်ကြီးတွေလို ဖြစ်သွားခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဘေးဒုက္ခကြောင့် အနည်းဆုံး လူ ၂၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်နေပါတယ်။ မိသားစုဝင်တွေ ကို ရွှံ့တောထဲမှာ ရှာဖွေ တူးဖော်နေကြသလို ကူညီ ကယ်ဆယ်ရေး လုပ်ဖို့ စစ်သားတွေကိုလည်း တာဝန်ချထားပါတယ်။

ရင်ညွှန့်လောက်ရှိတဲ့ ရွံ့တော လမ်းမတွေကို လူတွေ ကြိုးစား ဖြတ်ကူးနေကြတဲ့ ပုံရိပ်တွေကိုလည်း ဒေသခံတွေ တင်ထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။ သေဆုံးသူက အနည်းဆုံး ၃၁၂ ယောက် ရှိတဲ့ အကြောင်း ကြက်ခြေနီ အသင်း ပြောခွင့်ရတဦးက ပြင်သစ် သတင်းဌာန AFP ကို ပြောဆိုပါတယ်။ အိုးအိမ်မဲ့ ဖြစ်ရသူ ထောင်ချီ ရှိမယ်လို့လည်း အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

ဆီရာလီယွန်း မြေပြိုမှု ၃၀၀ ထက်မနည်းသေ